ေကာ့ေသာင္းမွာ ခရီးသြားႏွင့္ ရင္းႏွီးျမႇဳပ္ႏွံမႈပြဲေတာ္ က်င္းပမယ္

0
978

တနသၤာရီတိုင္း၊ ေကာ့ေသာင္းၿမိဳ႕မွာ ခရီးသြားႏွင့္ ရင္းႏွီးျမွဳပ္ႏံွမႈပြဲေတာ္ က်င္းပေရးအတြက္ လုပ္ငန္းညွိႏိႈင္း အစည္းအေဝးကို ေဖေဖာ္ဝါရီလ ၁၀ ရက္ေန႔က ရန္ကုန္ၿမိဳ႕၊ အင္းလ်ားလိတ္ဟိုတယ္မွာ က်င္းပပါတယ္။

ေကာ့ေသာင္းၿမိဳ႕မွာ မတ္လ ၂၄ ရက္နဲ႔ ၂၅ ရက္တို႔မွာ က်င္းပမွာ ျဖစ္ၿပီး ခရီးသြားလုပ္ငန္း ျပခန္း၊ ရင္းႏွီးျမွဳပ္ႏွံမႈဆိုင္ရာ ျပခန္း၊ ေဆြးေႏြးပြဲေတြ၊ ဂီတေဖ်ာ္ေျဖပြဲေတြ၊ ႐ိုးရာယဥ္ေက်းမႈ ကပြဲေတြ ပါဝင္မွာ ျဖစ္ပါတယ္။

ဆလံုလူမ်ိဳးေတြရဲ႕ ႐ိုးရာဓေလ့ မေပ်ာက္ဆံုးေအာင္ ထိန္းသိမ္းေရး၊ တနသၤာရီေဒသကို ပင္လယ္ေရေအာက္ ေလ့လာေရး ေဆာင္ရြက္ႏိုင္တဲ့ ေဒသအျဖစ္ ေဖာ္ထုတ္ေရးတို႔ကိုလည္း ဟိုတယ္ႏွင့္ ခရီးသြားလာေရး ဝန္ႀကီး ဦးအုန္းေမာင္က ေဆြးေႏြးပြဲမွာ ေျပာၾကားသြားပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ကော့သောင်းမှာ ခရီးသွားနှင့် ရင်းနှီးမြှုပ်နှံမှုပွဲတော် ကျင်းပမယ်

တနင်္သာရီတိုင်း၊ ကော့သောင်းမြို့မှာ ခရီးသွားနှင့် ရင်းနှီးမြှုပ်နှံမှုပွဲတော် ကျင်းပရေးအတွက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ဖေဖော်ဝါရီလ ၁၀ ရက်နေ့က ရန်ကုန်မြို့၊ အင်းလျားလိတ်ဟိုတယ်မှာ ကျင်းပပါတယ်။

ကော့သောင်းမြို့မှာ မတ်လ ၂၄ ရက်နဲ့ ၂၅ ရက်တို့မှာ ကျင်းပမှာ ဖြစ်ပြီး ခရီးသွားလုပ်ငန်း ပြခန်း၊ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ပြခန်း၊ ဆွေးနွေးပွဲတွေ၊ ဂီတဖျော်ဖြေပွဲတွေ၊ ရိုးရာယဉ်ကျေးမှု ကပွဲတွေ ပါဝင်မှာ ဖြစ်ပါတယ်။

ဆလုံလူမျိုးတွေရဲ့ ရိုးရာဓလေ့ မပျောက်ဆုံးအောင် ထိန်းသိမ်းရေး၊ တနင်္သာရီဒေသကို ပင်လယ်ရေအောက် လေ့လာရေး ဆောင်ရွက်နိုင်တဲ့ ဒေသအဖြစ် ဖော်ထုတ်ရေးတို့ကိုလည်း ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီး ဦးအုန်းမောင်က ဆွေးနွေးပွဲမှာ ပြောကြားသွားပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)