
0
951




>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ဗြိတိန် နိုင်ငံခြားရေးဝန်ကြီး ရခိုင်ပြည်နယ်ကို သွားရောက်လေ့လာ

ဗြိတိန်နိုင်ငံခြားရေးနှင့် ဓနသဟာယ ရေးရာဝန်ကြီး ဘောရစ် ဂျွန်ဆင်ဟာ မနေ့က ဖေဖော်ဝါရီ ၁၁ ရက်နေ့မှာ ရခိုင်ပြည်နယ်ကို သွားရောက် လေ့လာပါတယ်။

မောင်တောမြို့နယ် ပန်းတောပြင်ကျေးရွာ၊ တောင်ပြိုလက်ဝဲယာယီလက်ခံရေးစခန်း၊ တောင်ပြိုလက်ဝဲမြို့တို့ကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးနဲ့ အတူ သွားရောက် လေ့လာခဲ့တာ ဖြစ်ပါတယ်။

တစ်ဖက်နိုင်ငံသို့ ထွက်ပြေးတိမ်းရှောင်သူများ ပြန်လည်လက်ခံရေးနဲ့ ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် မြန်မာအစိုးရက ဆောင်ရွက်နေတဲ့ အစီအမံများကို ထောက်ခံကြောင်း၊ ဗြိတိန်အနေနဲ့ အမျိုးသမီးတွေနဲ့ ကလေးတွေရဲ့ ပညာရေးနဲ့ ကျန်းမာရေးအတွက် ပံ့ပိုး ကူညီသွားလိုတယ်လို့ မစ္စတာ ဘောရစ် ဂျွန်ဆင်က ပြောပါတယ်

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)