အထက်တန်းပြ ဆရာ၊ ဆရာမလိုအပ်ချက်အတွက် ဘီအီးဒီ ကျောင်းသား၊ ကျောင်းသူတွေ ပိုမိုခေါ်ယူ

0
336

အထက်တန်းပြ ဆရာ၊ ဆရာမလိုအပ်ချက်အတွက် ဘီအီးဒီ ကျောင်းသား၊ ကျောင်းသူတွေ ပိုမိုခေါ်ယူနိုင်ဖို့စီစဉ်နေတယ်လို့ သိရပါတယ်။ လက်ရှိမှာ ရန်ကုန်ပညာရေး တက္ကသိုလ်ကနေဘီအီးဒီ ကျောင်းသား၊ ကျောင်းသူ ၆ဝဝ နဲ့ စစ်ကိုင်းပညာရေး တက္ကသိုလ်ကနေ ကျောင်းသား၊ ကျောင်းသူ ၆ဝဝ ၊ တစ်နှစ်ကို စုစုပေါင်း ၁၂ဝဝ မွေးထုတ် ပေးနေတယ်လို့ ပညာရေးဝန်ကြီး ဌာနရဲ့ အဆိုအရသိရပါတယ်။မြန်မာနိုင်ငံရဲ့ ပညာရေးတက္ကသိုလ် နှစ်ခုကနေ တစ်နှစ်ကို ဘီအီးဒီ ကျောင်းဆင်း ၁၂ဝဝ နဲ့ ဆရာအတတ်သင် ကျောင်း ဆင်း ၃ဝဝဝ ကျော်ကို မွေးထုတ်ပေးနေပေမယ့် ၂ဝ၁၅-၂ဝ၁၆ ပညာသင်နှစ်အတွက် မူလတန်းဆရာ၊ ဆရာမ ၅၁,၄၆၈ ဦး လိုအပ်ချက်ရှိနေပြီး အခြေခံပညာ မူလတန်း၊ အခြေခံပညာ အလယ်တန်းနဲ့ အခြေခံပညာ အထက်တန်း စုစုပေါင်း ဆရာ၊ ဆရာမ ၆ဝဝဝဝ ကျော် လိုအပ်နေ တဲ့အတွက် မူလတန်းပြ ဆရာ၊ ဆရာမ တွေကို နေ့စားလပေးအနေနဲ့ ခန့်အပ်ထားဖို့အပြီးသတ်စီမံ ဆောင်ရွက်နေကြောင်း သိရှိရပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)