ရန်ကုန်စီးပွားရေးတက္ကသိုလ်က ကျောင်းသားကျောင်းသူတွေကို ပညာသင်ဆုတွေ ပေးအပ်

0
343

ရန်ကုန်စီးပွားရေးတက္ကသိုလ်က ကျောင်းသားကျောင်းသူတွေကို ဗီယမ်နမ်ဘဏ် BIDV(Bank for Investment and development of Vietnem) ကနေပညာသင်ဆုတွေ ပေးအပ်ခဲ့တယ်လို့သိရပါတယ်။ ဒီပညာသင်ဆုပေးအပ်မှုဟာ စတုထ္ထအကြိမ်မြောက်ဖြစ်တယ်လို့ သိရပြီး ၂၀၁၅ – ၂၀၁၆ ပညာသင်နှစ်အတွက် ကျောင်းသားကျောင်းသူတွေကိုပေးအပ်ခဲ့တာပါ။ ပညာသင်ဆုကြေးအနေနဲ့ ကျောင်းသားကျောင်းသူတစ်ဦးကို အမေရိကန်ဒေါ်လာ ၁၀၀ နှုန်းနဲ့ ကျောင်းသားကျောင်းသူစုစုပေါင်း အယောက် ၁၀၀ကို ပေးအပ်ချီးမြင့်ခဲ့ပါတယ်။ မြန်မာနိုင်ငံမှာ နိုင်ငံတကာနဲ့ချိတ်ဆက်ထားတဲ့ တက္ကသိုလ်တွေ ၂၉ခုထိရှိနေတယ်လို့ သိရပြီး စကောလားရှစ်ပရိုဂရမ်၊ Ph.d ပရိုဂရမ် ၊ မာစတာပရိုဂရမ်တွေ နဲ့ ပညာတော်သင်အစီအစဉ်တွေ ရှိနေတာဖြစ်ပြီး နိုင်ငံတကာ က ရောက်ရှိနေတဲ့ ဘဏ်အများစုက စီးပွားရေးတက္ကသိုလ်တွေကို စကောလားရှစ် အစီအစဉ်တွေပေးနေတယ်လို့လည်းသိရှိရပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)