
0
2081



…………………… ။ ။ …………………..

လက်ရှိ အစိုးရဟာ ထောက်ခံပေးခဲ့တဲ့ မြန်မာနိုင်ငံသား ၁၂ သန်းနဲ့သာ ထိုက်တန်တယ်လို့ ဦးသန်းဌေးပြော

လက်ရှိ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) အစိုးရဟာ သူတို့ကို ထောက်ခံမဲ ပေးလိုက်တဲ့ မြန်မာနိုင်ငံသား ၁၂ သန်းမျှနဲ့သာ ထိုက်တန်တဲ့ အစိုးရ ဖြစ်တယ်လို့ ပြည်​​ထောင်​စု ကြံ့ခိုင်​​ရေးနှင်​့ ဖွံ့ဖြိုး​ရေးပါတီ ဥက္ကဋ္ဌ ဦးသန်းဌေးက ပြောပါတယ်။

NLD အစိုးရဟာ သူတို့ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီကို မဲပေးလိုက်တဲ့ ပြည်သူ ၇ သန်းနဲ့ လုံးဝ ထိုက်တန်ခြင်း မရှိဘူးလို့ ပြည်​​ထောင်​စု ကြံ့ခိုင်​​ရေးနှင်​့ ဖွံ့ဖြိုး​ရေးပါတီ နိုင်​ငံ​ရေး စီမံခန်​့ခွဲမှု နည်​းပြသင်​တန်​း အမှတ်​စဉ်​ (၃) သင်​တန်​းဖွင့်ပွဲ အခမ်​းအနားမှာ ဦးသန်းဌေးက ပြောသွားတာ ဖြစ်ပါတယ်။

ဒီမိုကရေစီခေတ် ဒီမိုကရေစီ စနစ်မှာ ပြည်သူတွေဟာ ကိုယ်နဲ့ ထိုက်တန်တဲ့ အစိုးရကို ရတယ်လို့ ဆိုပေမယ့် အကြွင်းမဲ့ မှန်ကန်ခြင်း မရှိဘူးလို့ ထင်ကြောင်း၊ ရွေးကောက်ပွဲ အနိုင်ရတဲ့ ပါတီနဲ့ အဲဒီပါတီက ဖွဲ့တဲ့ အစိုးရ ဖြစ်ရုံနဲ့ ပြည်သူနဲ့ ထိုက်တန်တဲ့ အစိုးရ ဖြစ်ပြီလို့ လက်မခံနိုင်ကြောင်းလည်း သူက ပြောသွားပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)