Myanmar Digital News စတင္ ထုတ္လႊင့္

0
2141

ျပန္ၾကားေရး၀န္ႀကီးဌာန၊ သတင္းႏွင့္ စာနယ္ဇင္းလုပ္ငန္းနဲ႔ Megalink Advanced Technologies ကုမၸဏီလီမိတက္တို႔ အက်ိဳးတူ ပူးေပါင္းေဆာင္ရြက္တဲ့ Myanmar Digital News (MDN) အမည္နဲ႔ Online News Portal နဲ႔ Digital Newspaper ကို စတင္ထုတ္လႊင့္ေနၿပီ ျဖစ္ပါတယ္။

MDN စတင္ထုတ္လႊင့္ျခင္း မိတ္ဆက္အခမ္းအနားကို မေန႔က ဇန္နဝါရီ ၁၁ ရက္ေန႔ ေနျပည္ေတာ္ရွိ သဂၤဟဟိုတယ္မွာ က်င္းပခဲ့ၿပီး ျပန္ၾကားေရးဝန္ႀကီး ေဒါက္တာ ေဖျမင့္ တက္ေရာက္ပါတယ္။

ေၾကးမုံ၊ ျမန္မာ့အလင္းနဲ႔ The Global New Light of Myanmar သတင္းစာေတြကုိ Myanmar Digital News မုိဘုိင္း အက္ပလီေကးရွင္းမွာ လြယ္ကူစြာ ဖတ္႐ႈႏုိင္ဖို႔ စီစဥ္ထားပါတယ္။ အဲဒီ မိုဘိုင္း အပလီေကးရွင္းမွာ သတင္း၊ ႏုိင္ငံေရး၊ စီးပြားေရး၊ ပညာေရး၊ လူမႈနယ္ပယ္၊ အေတြးအျမင္၊ ႐ုပ္သံသတင္း၊ တိုင္းရင္းသားေရးရာ၊ မိန္႔ခြန္းေတြ၊ အျခားေဖ်ာ္ေျဖေရး ဗီဒီယုိနဲ႔ ေဆာင္းပါးေတြကုိလည္း ေဖာ္ျပမွာ ျဖစ္ပါတယ္။
………………….. ။ ။ ……………………

Myanmar Digital News စတင် ထုတ်လွှင့်

ပြန်ကြားရေးဝန်ကြီးဌာန၊ သတင်းနှင့် စာနယ်ဇင်းလုပ်ငန်းနဲ့ Megalink Advanced Technologies ကုမ္ပဏီလီမိတက်တို့ အကျိုးတူ ပူးပေါင်းဆောင်ရွက်တဲ့ Myanmar Digital News (MDN) အမည်နဲ့ Online News Portal နဲ့ Digital Newspaper ကို စတင်ထုတ်လွှင့်နေပြီ ဖြစ်ပါတယ်။

MDN စတင်ထုတ်လွှင့်ခြင်း မိတ်ဆက်အခမ်းအနားကို မနေ့က ဇန်နဝါရီ ၁၁ ရက်နေ့ နေပြည်တော်ရှိ သင်္ဂဟဟိုတယ်မှာ ကျင်းပခဲ့ပြီး ပြန်ကြားရေးဝန်ကြီး ဒေါက်တာ ဖေမြင့် တက်ရောက်ပါတယ်။

ကြေးမုံ၊ မြန်မာ့အလင်းနဲ့ The Global New Light of Myanmar သတင်းစာတွေကို Myanmar Digital News မိုဘိုင်း အက်ပလီကေးရှင်းမှာ လွယ်ကူစွာ ဖတ်ရှုနိုင်ဖို့ စီစဉ်ထားပါတယ်။ အဲဒီ မိုဘိုင်း အပလီကေးရှင်းမှာ သတင်း၊ နိုင်ငံရေး၊ စီးပွားရေး၊ ပညာရေး၊ လူမှုနယ်ပယ်၊ အတွေးအမြင်၊ ရုပ်သံသတင်း၊ တိုင်းရင်းသားရေးရာ၊ မိန့်ခွန်းတွေ၊ အခြားဖျော်ဖြေရေး ဗီဒီယိုနဲ့ ဆောင်းပါးတွေကိုလည်း ဖော်ပြမှာ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)