
0
2145



………………… ။ ။ …………………..

ဂျပန်နိုင်ငံခြားရေးဝန်ကြီး မောင်တောဒေသကို သွားရောက် လေ့လာမယ်

မြန်မာနိုင်ငံကို မနေ့က ဇန်နဝါရီ ၁၁ ရက်နေ့မှာ ရောက်ရှိလာတဲ့ ဂျပန် နိုင်ငံခြားရေးဝန်ကြီး တာရို ကိုနိုဟာ ရခိုင်ပြည်နယ်၊ မောင်တောဒေသကို သွားရောက် လေ့လာဖို့ စီစဉ်ထားပါတယ်။

ဂျပန်နိုင်ငံခြားရေး ဝန်ကြီးနဲ့ အဖွဲ့ဟာ မနေ့က ရေဝေးသုဿန်ဝင်းရှိ ဂျပန်စစ်သင်္ချိုင်းကို သွားရောက်လေ့လာပါတယ်။ ဂျပန်နိုင်ငံခြားရေး ဝန်ကြီးဟာ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်၊ နိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့နဲ့ တွေ့ဆုံမှာ ဖြစ်ပါတယ်။

ဂျပန်နိုင်ငံခြားရေး ဝန်ကြီးဟာ ခရီးစဉ်အတွင်း ဂျပန် စီးပွားရေးလုပ်ငန်းရှင်တွေနဲ့လည်း တွေ့ဆုံဖို့ စီစဉ်ထားပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)