
0
2114



…………………. ။ ။ …………………..

ပြည်သူ့ဘဝ ဖွံ့ဖြိုးတိုးတက်ရေးပါတီ အလံနဲ့ တံဆိပ်သစ် ကန့်ကွက်နိုင်

ပြည်သူ့ဘဝ ဖွံ့ဖြိုးတိုးတက်ရေးပါတီ (People Life for Development Party) က အသစ်ပြင်ဆင် တင်ပြတဲ့ အလံပုံစံနဲ့ တံဆိပ်ပုံစံကို ၇ ရက်အတွင်း ခိုင်လုံတဲ့ အထောက်အထားနဲ့ ကန့်ကွက်နိုင်တယ်လို့ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ကြေညာထားပါတယ်။

ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ Golden View Tower မှာ ပါတီရုံးချုပ်ရှိတဲ့ ပြည်သူ့ဘဝ ဖွံ့ဖြိုးတိုးတက်ရေးပါတီက ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ထံ မူလတင်ပြတဲ့ အလံနဲ့ တံဆိပ်ပုံစံကို ကန့်ကွက်မှု ရှိတဲ့အတွက် အသစ်ပြင်ဆင် ရွေးဆွဲခဲ့တာ ဖြစ်ပါတယ်။

ကန့်ကွက်မှုကို ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က စိစစ်ပြီး ဆက်လက်အသုံးပြုဖို့ မသင့်လျော်တဲ့အတွက် အလံနဲ့ တံဆိပ်ပုံစံကို ပြင်ဆင်ခိုင်းခဲ့တာ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)