မဲေခါင္ေဒသ အရင္ ၁၀ ႏွစ္ကနဲ႔ ႏိႈင္းယွဥ္ရင္ ပိုေအးခ်မ္းတည္ၿငိမ္လာ

0
2092

ျမန္မာ၊ တ႐ုတ္၊ လာအို၊ ထိုင္းတို႔နဲ႔ နယ္နိမိတ္ခ်င္း ဆက္စပ္ေနတဲ့ မဲေခါင္ေဒသဟာ အရင္ ၁၀ ႏွစ္ကာလနဲ႔ ႏိႈင္းယွဥ္ရင္ ပိုၿပီး ေအးခ်မ္းတည္ၿငိမ္မႈ ရွိလာတယ္လို႔ ျပည္ထဲေရး ဒုတိယ ဝန္ႀကီးဗိုလ္ခ်ဳပ္ ေအာင္စိုးက ေျပာပါတယ္။

မေန႔က ဇန္နဝါရီ ၁၁ ရက္ ရန္ကုန္ၿမိဳ႕မွာ က်င္းပတဲ့ ျမန္မာ-တ႐ုတ္-လာအို-ထိုင္း ေလးႏိုင္ငံ မဲေခါင္-လန္ခ်န္းျမစ္ေၾကာင္း ပူးေပါင္း ကင္းလွည့္ျခင္းအေပၚ ညႇိႏႈိင္းမႈ အဆင့္ျမင့္အရာရွိႀကီးမ်ား အစည္းအေဝးမွာ ေျပာသြားတာ ျဖစ္ပါတယ္။

အစည္းအေဝးမွာ မဲေခါင္ျမစ္ေၾကာင္း တစ္ေလွ်ာက္သာမက မဲေခါင္ေဒသတြင္း လုံၿခံဳေရးနဲ႔ တရားဥပေဒစိုးမိုးေရး အတြက္ သတင္းအခ်က္အလက္ ဖလွယ္မႈေတြ ျမွင့္တင္ေရး၊ ႏွစ္ႏိုင္ငံနယ္စပ္ေဒသေတြမွာ ျဖစ္ပြားမႈ အမ်ားဆုံးျဖစ္တဲ့ မူးယစ္ေဆးဝါး၊ လူကုန္ကူးမႈ၊ ေလာင္းကစားမႈနဲ႔ တရားမဝင္ ကုန္ပစၥည္းေတြ သယ္ေဆာင္ ေရာင္း၊ ဝယ္မႈ တားဆီးႏွိမ္နင္းေရး လုပ္ငန္းမ်ား ပိုမိုျမႇင့္တင္ ေဆာင္ရြက္ေရးတို႔ကိုလည္း ေဆြးေႏြးခဲ့ၾကပါတယ္။
……………….. ။ ။ ………………….

မဲခေါင်ဒေသ အရင် ၁၀ နှစ်ကနဲ့ နှိုင်းယှဉ်ရင် ပိုအေးချမ်းတည်ငြိမ်လာ

မြန်မာ၊ တရုတ်၊ လာအို၊ ထိုင်းတို့နဲ့ နယ်နိမိတ်ချင်း ဆက်စပ်နေတဲ့ မဲခေါင်ဒေသဟာ အရင် ၁၀ နှစ်ကာလနဲ့ နှိုင်းယှဉ်ရင် ပိုပြီး အေးချမ်းတည်ငြိမ်မှု ရှိလာတယ်လို့ ပြည်ထဲရေး ဒုတိယ ဝန်ကြီးဗိုလ်ချုပ် အောင်စိုးက ပြောပါတယ်။

မနေ့က ဇန်နဝါရီ ၁၁ ရက် ရန်ကုန်မြို့မှာ ကျင်းပတဲ့ မြန်မာ-တရုတ်-လာအို-ထိုင်း လေးနိုင်ငံ မဲခေါင်-လန်ချန်းမြစ်ကြောင်း ပူးပေါင်း ကင်းလှည့်ခြင်းအပေါ် ညှိနှိုင်းမှု အဆင့်မြင့်အရာရှိကြီးများ အစည်းအဝေးမှာ ပြောသွားတာ ဖြစ်ပါတယ်။

အစည်းအဝေးမှာ မဲခေါင်မြစ်ကြောင်း တစ်လျှောက်သာမက မဲခေါင်ဒေသတွင်း လုံခြုံရေးနဲ့ တရားဥပဒေစိုးမိုးရေး အတွက် သတင်းအချက်အလက် ဖလှယ်မှုတွေ မြှင့်တင်ရေး၊ နှစ်နိုင်ငံနယ်စပ်ဒေသတွေမှာ ဖြစ်ပွားမှု အများဆုံးဖြစ်တဲ့ မူးယစ်ဆေးဝါး၊ လူကုန်ကူးမှု၊ လောင်းကစားမှုနဲ့ တရားမဝင် ကုန်ပစ္စည်းတွေ သယ်ဆောင် ရောင်း၊ ဝယ်မှု တားဆီးနှိမ်နင်းရေး လုပ်ငန်းများ ပိုမိုမြှင့်တင် ဆောင်ရွက်ရေးတို့ကိုလည်း ဆွေးနွေးခဲ့ကြပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)