ပဲခူးတိုင္း အစိုးရ ဝန္ႀကီး ၂ ဦးကို ႏုတ္ထြက္ခြင့္ျပဳ

0
2080

ပဲခူးတိုင္း အစိုးရအဖြဲ႔က ဝန္ႀကီး ၂ ဦးကို ႏုတ္ထြက္ခြင့္ ျပဳလိုက္ေၾကာင္း သမၼတ ဦးထင္ေက်ာ္က မေန႔က ဇန္နဝါရီ ၁၁ ရက္ေန႔ ေန႔စြဲနဲ႔ ေၾကညာပါတယ္။

သယံဇာတ၊ သစ္ေတာႏွင့္ သေဘာဝ ပတ္ဝန္းက်င္ ထိန္းသိမ္းေရးဝန္ႀကီး ဦးေက်ာ္မင္းဇံနဲ႔ စည္ပင္သာယာေရးႏွင့္ လူမႈေရးဝန္ႀကီး ဦးေမာင္ေမာင္လြင္တို႔ကို ႏုတ္ထြက္ခြင့္ ျပဳလိုက္တာပါ။

မႏွစ္တုန္းက ပဲခူးတိုင္း ဝန္ႀကီးခ်ဳပ္ ဦးဝင္းသိန္းနဲ႔ ဝန္ႀကီး ဦးေက်ာ္မင္းဇံတို႔ ႏုတ္ထြက္ေပးေရး ဆႏၵျပမႈေတြ ေပၚေပါက္ခဲ့ပါတယ္။

၂၀၁၈ ႏွစ္ ဇန္နဝါရီလအတြင္း ႏုတ္ထြက္ခြင့္ျပဳတဲ့ တိုင္းဝန္ႀကီးခ်ဳပ္ ၁ ဦးနဲ႔ တိုင္းအစိုးရအဖြဲ႔ဝင္ ဝန္ႀကီး ၅ ဦး ရွိသြားၿပီ ျဖစ္ပါတယ္။
…………………. ။ ။ …………………..

ပဲခူးတိုင်း အစိုးရ ဝန်ကြီး ၂ ဦးကို နုတ်ထွက်ခွင့်ပြု

ပဲခူးတိုင်း အစိုးရအဖွဲ့က ဝန်ကြီး ၂ ဦးကို နုတ်ထွက်ခွင့် ပြုလိုက်ကြောင်း သမ္မတ ဦးထင်ကျော်က မနေ့က ဇန်နဝါရီ ၁၁ ရက်နေ့ နေ့စွဲနဲ့ ကြေညာပါတယ်။

သယံဇာတ၊ သစ်တောနှင့် သဘောဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဦးကျော်မင်းဇံနဲ့ စည်ပင်သာယာရေးနှင့် လူမှုရေးဝန်ကြီး ဦးမောင်မောင်လွင်တို့ကို နုတ်ထွက်ခွင့် ပြုလိုက်တာပါ။

မနှစ်တုန်းက ပဲခူးတိုင်း ဝန်ကြီးချုပ် ဦးဝင်းသိန်းနဲ့ ဝန်ကြီး ဦးကျော်မင်းဇံတို့ နုတ်ထွက်ပေးရေး ဆန္ဒပြမှုတွေ ပေါ်ပေါက်ခဲ့ပါတယ်။

၂၀၁၈ နှစ် ဇန်နဝါရီလအတွင်း နုတ်ထွက်ခွင့်ပြုတဲ့ တိုင်းဝန်ကြီးချုပ် ၁ ဦးနဲ့ တိုင်းအစိုးရအဖွဲ့ဝင် ဝန်ကြီး ၅ ဦး ရှိသွားပြီ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)