ပဲခူး႐ိုးမအတြင္း ဗဟိုျပဳၿပီး ျပင္းအား ၆.၀ ရွိ ငလ်င္လႈပ္

0
2041

ပဲခူးတိုင္း၊ ျဖဴးၿမိဳ႕ အေနာက္ဘက္ ၂၄ မိုင္အကြာ ပဲခူး႐ိုးမကို ဗဟိုျပဳၿပီး ျပင္းအား ပမာဏ ၆.၀ ရွိ ငလ်င္ ဒီေန႔ ဇန္နဝါရီ ၁၂ ရက္ မနက္ ၁ နာရီ မထိုးခင္မွာ လႈပ္ခတ္သြားပါတယ္။

အဲဒီဗဟိုခ်က္ အနီးမွာ ျဖဴးဆည္နဲ႔ ကြန္းေခ်ာင္းတမံေတြ ရွိတယ္လို႔ ျမန္မာႏိုင္ငံ ေျမငလ်င္ ေကာ္မတီက သတင္းထုတ္ျပန္ထားပါတယ္။ ငလ်င္လႈပ္ၿပီး မိနစ္အနည္းငယ္ အၾကာမွာ ျပင္းအား ပမာဏ ၅.၃ နဲ႔ ၄.၆ ၾကားရွိ ေနာက္ဆက္တြဲ ငလ်င္ ၃ ခု ထပ္လႈပ္ခဲ့ပါတယ္။

ပ်က္စီးထိခိုက္မႈ ရွိ၊ မရွိ အစိုးရက သတင္းထုတ္ျပန္ျခင္း မရွိေသးပါဘူး။ ထိခိုက္ပ်က္စီးမႈ နည္းႏိုင္ပါတယ္လို႔ အေမရိကန္ ဘူမိေဗဒ ေစာင့္ၾကည့္ေလ့လာေရးအဖြဲ႔ (USGS) က ခန္႔မွန္းပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>

ပဲခူးရိုးမအတွင်း ဗဟိုပြုပြီး ပြင်းအား ၆.ဝ ရှိ ငလျင်လှုပ်

ပဲခူးတိုင်း၊ ဖြူးမြို့ အနောက်ဘက် ၂၄ မိုင်အကွာ ပဲခူးရိုးမကို ဗဟိုပြုပြီး ပြင်းအား ပမာဏ ၆.ဝ ရှိ ငလျင် ဒီနေ့ ဇန်နဝါရီ ၁၂ ရက် မနက် ၁ နာရီ မထိုးခင်မှာ လှုပ်ခတ်သွားပါတယ်။

အဲဒီဗဟိုချက် အနီးမှာ ဖြူးဆည်နဲ့ ကွန်းချောင်းတမံတွေ ရှိတယ်လို့ မြန်မာနိုင်ငံ မြေငလျင် ကော်မတီက သတင်းထုတ်ပြန်ထားပါတယ်။ ငလျင်လှုပ်ပြီး မိနစ်အနည်းငယ် အကြာမှာ ပြင်းအား ပမာဏ ၅.၃ နဲ့ ၄.၆ ကြားရှိ နောက်ဆက်တွဲ ငလျင် ၃ ခု ထပ်လှုပ်ခဲ့ပါတယ်။

ပျက်စီးထိခိုက်မှု ရှိ၊ မရှိ အစိုးရက သတင်းထုတ်ပြန်ခြင်း မရှိသေးပါဘူး။ ထိခိုက်ပျက်စီးမှု နည်းနိုင်ပါတယ်လို့ အမေရိကန် ဘူမိဗေဒ စောင့်ကြည့်လေ့လာရေးအဖွဲ့ (USGS) က ခန့်မှန်းပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)