ငါးခိုးဖမ်းခဲ့တဲ့အတွက် အကျဉ်းကျခံနေရရတဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံသား ၆ ဦး ကို ပြည်နှင်ဒဏ်ပေး

0
321

မြန်မာ့ရေပိုင်နက်အတွင်း ငါးခိုးဖမ်းတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၆ ဦးကို ပြစ်ဒဏ် ကျခံနေရာမှ ရာဇဝတ်ကျင့်ထုံး ဥပဒေပုဒ်မ ၄၀၁ (၁) အရ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြည်နှင်ဒဏ်ပေးဖို့ နိုင်ငံတော်သမ္မတရုံးက အမိန့်ထုတ်ပြန်လိုက်ပါတယ်။

15978881_1296013787113888_487303263_n

၂၀၁၆ ခုနှစ် နိုဝင်ဘာ ၉ ရက် မွန်းလွဲ ၂ နာရီခွဲက ဘင်္ဂလားပင်လယ်အော် မြန်မာ့ရေ ပိုင်နက်အတွင်း ငါးဖမ်းစက်လှေနဲ့ ငါးခိုး ဖမ်းနေတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ တက္ကနက်မြို့နယ် အုန်းကျွန်းကျေးရွာနေ ရော်ရှီး အူလ္လာနဲ့အတူ ငါးဦးတို့ကို ဖမ်းဆီးရမိခဲ့တာဖြစ်ပါတယ်။

အဲဒီဖမ်းဆီးမိသူ ၆ ဦးဟာ ဘူးသီးတောင် အကျဉ်းထောင် မှာ ပြစ်ဒဏ်ကျခံလျက်ရှိရာမှ ဇန်နဝါရီ ၁၁ ရက် နံနက် ၉ နာရီမှာ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြည်နှင်ဒဏ်ပေးဖို့ ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)