လောက်ကိုင်မြို့ ယမ်းထုတ်လုပ်ရာမှာ အသုံးပြုတဲ့ ဆက်စပ်ပစ္စည်း သိမ်းဆည်းရမိ

0
222

လောက်ကိုင်မြို့နယ်အတွင်း ယမ်းထုတ်လုပ်ရာတွင်အသုံးပြုတဲ့ ဆက်စပ်ပစ္စည်းတွေ သိမ်းဆည်းရမိခဲ့ပါတယ်။ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လောက်ကိုင်မြို့နယ်အတွင်း ယမ်းတွေမြှုပ်ထားတယ်လို့ သတင်းရတဲ့အတွက် တပ်မတော်စစ်ကြောင်းနဲ့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်တွေ ပါဝင်တဲ့ ပူးပေါင်းအဖွဲ့တွေက ရှာဖွေရှင်းလင်းခဲ့တာပါ။

15996284_1052254448234902_96889755_n

ဇန်န၀ါရီ ၁၁ ရက် နေ့လည်က လောက်ကိုင်မြို့ရဲ့ အရှေ့ဘက် မြန်မာ-တရုတ် နယ်နိမိတ်မျဉ်းရဲ့ အတွင်းဘက်မီတာ ၁၀၀ ခန့်အကွာမှာ အလျား ၄၄ ပေ၊ အနံ ၃၄ ပေ၊ အမြင့် ၁၈ ပေရှိ အုတ်စီသွပ်မိုးထားပြီး ယမ်းထုတ်လုပ်တဲ့စက်ရုံ အဟောင်း ၁ လုံး၊ အလျား ၄၀ ပေ၊ အနံ ၂၀ ပေ၊ အမြင့် ၁၆ ပေရှိ အုတ်စီသွပ်မိုး အဆောက်အဦ ၃ လုံးတို့ကို တွေ့ရှိခဲ့ပြီး ရှာဖွေတူးဖော်စစ်ဆေးခဲ့ရာ မြေကြီးအောက် ၂ ပေခန့်မှ အီမာရှင်း(ယမ်းညှင်း) Emulsion Explosive (LE) အချင်း ၁ ဒသမ ၂ လက်မ၊ အရှည် ၈ လက်မခန့်ရှိ နီညိုရောင် ယမ်းအတောင့် ၂၀ ပါ အိတ်အကောင်း ၁၂၀ ထုပ်နဲ့ အိတ်အပျက် ၃၀၀ ထုပ်၊ အီသနော (Ethanol) ၅၀၀ မီလီလီတာပါ ပုလင်း ၄ လုံး၊

16010347_1052255561568124_1984071947_o

အမိုးနီးယားဆိုလူးရှင်း (Ammonia solution) ၃၀၀ မီလီလီတာပါ ဗူး ၁ လုံး၊ ဆိုဒီယမ်ကလိုရိုက် (Sodium chloride) ၅၀၀ ဂရမ်ပါ ဗူး ၁ လုံး၊ အမိုနီယမ်ကလိုရိုက် (Ammonium chloride) ၅၀၀ ဂရမ်ပါ ဗူး ၁ လုံး၊ ဟိုက်ဒရိုဂျနိတ်တက် တော်လိုဝါမင်း (Hydrogenated Tallowamine) ၂၅ ကီလိုဂရမ်ပါ အိတ် ၃၇ အိတ်၊ ထင်းရှူးဆီခဲ ဒသမ၂၅ တန်ခန့်၊ ဖယောင်းစေ့ ဒသမ၂၅ တန်ခန့်နှင့် ဓာတ်ခွဲခန်းသုံး ပစ္စည်းစုံ ၃၅ မျိုး ယမ်းထုတ်လုပ်ရာတွင် အသုံးပြုတဲ့ ဆက်စပ်ပစ္စည်းတွေကို တူးဖော် သိမ်းဆည်းရမိခဲ့တာဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)