MRTV ထုတ်လွှင့်မှုတွေမှာ ပြန်ကြားရေးအပိုင်း လျှော့ချပြီး ဖျော်ဖြေရေးအပိုင်း မြှင့်တင်သွားမယ်

0
300

နိုင်ငံပိုင်မီဒီယာဖြစ်တဲ့ မြန်မာ့အသံနှင့်ရုပ်မြင်သံကြားရဲ့ ထုတ်လွှင့်တင်ဆက်မှုမှာ ပြန်ကြားရေးကို ၆၀ ရာခိုင်နှုန်း သတ်မှတ်ထားပေမဲ့ နောင်မှာတော့ ၄၅ ရာခိုင်နှုန်းအထိ လျှော့ချပြီး ဖျော်ဖြေရေးအပိုင်းကို တိုးမြှင့်သွားမယ်လို့ မြန်မာ့အသံနှင့်ရုပ်မြင်သံကြား ညွှန်ကြားရေးမှူးချုပ် ဦးမြင့်ထွေးက ဇန်နဝါရီ ၁၁ ရက်နေ့မှာ ပြောကြားခဲ့ပါတယ်။

Media

နေပြည်တော်က မြန်မာ့အသံနှင့်ရုပ်မြင်သံကြားမှာ ဇန်နဝါရီ ၁၁ ရက်နေ့က လုပ်တဲ့ ပြန်ကြားရေးဝန်ကြီးနှင့် ဝန်ထမ်းများ တွေ့ဆုံပွဲမှာ အဲဒီလို ပြောကြားခဲ့တာပါ။

မြန်မာ့အသံနှင့်ရုပ်မြင်သံကြား (MRTV)ရဲ့ထုတ်လွှင့်မှုဟာ ပြန်ကြားပေးဖို့ ၆၀ ရာခိုင်နှုန်း၊ ပညာပေးဖို့ ၂၀ ရာခိုင်နှုန်းနဲ့ ဖျော်ဖြေဖို့ ၂၀ ရာခိုင်နှုန်း သတ်မှတ်ခဲ့ပေမဲ့ နောင်မှာတော့ ပြန်ကြားဖို့ ၄၅ ရာခိုင်နှုန်း၊ ပညာပေးဖို့ ၂၀ ရာခိုင်နှုန်းနဲ့ ဖျော်ဖြေဖို့ ၃၅ ရာခိုင်နှုန်းဆိုပြီး ပြောင်းလဲထုတ်လွှင့်သွားမယ်လို့ ပြောကြားခဲ့တာပါ။

ပြန်ကြားရေးဝန်ကြီး ဒေါက်တာဖေမြင့်ကလည်း မြန်မာ့အသံနှင့်ရုပ်မြင်သံကြားရဲ့ Current News မှာ ပြည်သူတွေရဲ့အသံပါဝင်လာအောင် အားထုတ်ဖို့နဲ့ MRTV ရေရှည်တိုးတက်ဖို့ စီမံကိန်းတွေ ချမှတ်ဆောင်ရွက်ရမျာ ဖြစ်တယ်လို့လည်း ပြောကြားခဲ့ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)