မူဆယ်ခရိုင်တွင်း ပစ်ခတ်တိုက်ခိုက်မှုတွေကြောင့် ထိခိုက်ဒဏ်ရာရရှိသူတွေကို နှစ်သိမ့် ထောက်ပံ့ငွေ ပေးအပ်

0
273

ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်ခရိုင်အတွင်းဖြစ်ပွားခဲ့တဲ့ ပစ်ခတ်တိုက်ခိုက်မှုဖြစ်စဉ်တွေကြောင့် သေဆုံး၊ ထိခိုက်ဒဏ်ရာရရှိခဲ့တဲ့ ပြည်သူတွေအတွက် ထောက်ပံ့ငွေပေးအပ်ခဲ့ပါတယ်။ အဲဒီအခမ်းအနားကို ဇန်နဝါရီ ၁၀ ရက်နံနက် ၁၀ နာရီက ခရိုင်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံးအစည်းအဝေးခန်းမမှာ ကျင်းပပြုလုပ်ခဲ့တာပါ။

15970730_1052179511575729_2017799498_n

အခမ်းအနားမှာ ပစ်ခတ်တိုက်ခိုက်မှုဖြစ်စဉ်တွေကြောင့် သေဆုံးခဲ့ရတဲ့ ပြည်သူ ၁၁ ဦးအတွက် တစ်ဦးကို ငွေကျပ် ခုနစ်သိန်းနှုန်း၊ ထိခိုက်ဒဏ်ရာရရှိခဲ့တဲ့ ပြည်သူ ၂၉ ဦးအတွက် တစ်ဦးကို ငွေကျပ်လေးသိန်း ငါးသောင်းရှစ်ထောင်နှုန်းနဲ့ စုစုပေါင်းငွေကျပ်သိန်း ၂၁၀ ကိုတာဝန်ရှိသူတွေက ပေးအပ်ခဲ့ရာ သေဆုံး၊ ထိခိုက်ဒဏ်ရာရရှိသူတွေရဲ့မိသားစုဝင်တွေက လက်ခံရယူခဲ့ကြပါတယ်။

မူဆယ်ခရိုင်အတွင်း ၂၀-၁၁-၂၀၁၆ မှ ၆-၁၂-၂၀၁၆ ရက်အတွင်း ပစ်ခတ်တိုက် ခိုက်မှုတွေကြောင့်ထိခိုက်ဒဏ်ရာရရှိသူ ၆၇ ဦးအတွက် ငွေကျပ် ၁၁၉ သိန်းနဲ့ သေဆုံးခဲ့သူ ၃၀ တို့အတွက် နှစ်သိမ့် ထောက်ပံ့ငွေကျပ် သိန်း ၂၄၀ စုစုပေါင်း ငွေကျပ် ၃၅၉ သိန်းကို ရှမ်းပြည်နယ် အစိုးရအဖွဲ့ က ထောက်ပံ့ပေးအပ်ခဲ့ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)