ကြားဖြတ်ရွေးကောက်ပွဲအတွက် ဇန်နဝါရီ ၃၀ ကနေ မတ် ၃၀ အထိ မဲဆွယ်စည်းရုံးနိုင်

0
404

ဧပြီလ ၁ ရက်နေ့ ကြားဖြတ်ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်မယ့် ကိုယ်စားလှယ်လောင်းတွေအနနဲ့ ဇန်နဝါရီ ၃၀ ရက်နေ့ နံနက် ၆ နာရီကနေ မတ်လ ၃၀ ရက်နေ့ ည ၁၂ နာရီအထိ စုဝေးဟောပြောခွင့်၊ မဲဆွယ်စည်းရုံးခွင့် သတ်မှတ်ပေးထားကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ထားပါတယ်။

Elections

ကြားဖြတ်ရွေးကောက်ပွဲဟာ လွှတ်တော်အသီးသီးမှာ လစ်လပ်နေတဲ့ မဲဆန္ဒနယ် ၁၉ နေရာအတွက် ကျင်းပသွားမှာပါ။

အဲဒီလို ကျင်းပရာမှာ နိုင်ငံရေးပါတီ ၂၄ ပါတီနဲ့ တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်လောင်း ၉၅ ဦး ဝင်ရောက်ယှဉ်ပြိုင်မှာ ဖြစ်ပြီး အဲဒီထဲက ၁၆ ဦးဟာ အမျိုးသမီးတွေ ဖြစ်ပါတယ်။

လက်ရှိအာဏာရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီကတော့ မဲဆန္ဒနယ် ၁၈ နေရာမှာ ဝင်ရောက်ယှဉ်ပြိုင်ပြီး အရင်တုန်းကအာဏာရပါတီ ပြည်ထောင်စုကြံ့ခိုငရေးနှင့်ဖွံ့ဖြိုးရေးပါတီကတော့ ၁၉ နေရာစလုံးမှာ ဝင်ပြိုင်သွားမှာ ဖြစ်ပါတယ်။

ပြည်နယ်နဲ့တိုင်းဒေသကြီး ၈ ခုအတွင်းက မြို့နယ် ၂၂ ခုမှာ ကျင်းပမယ့် ကြားဖြတ်ရွေးကောက်ပွဲမှာ ပြည်သူ့လွှတ်တော်မှာ လစ်လပ်နေရာ ၉ ခု၊ အမျိုးသားလွှတ်တော်မှ လစ်လပ်နေရာ ၃ ခုနဲ့ ပြည်နယ်နဲ့ တိုင်းဒေသကြီး လွှတ်တော်တွေမှာ လစ်လပ်နေရာ ၇ ခုတို့ ရှိနေတာပဲ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)