ဘင်္ဂါလီတွေကို မြန်မာနိုင်ငံထဲ ခေါ်ဖို့ ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ် ပြောကြား

0
254

ဘင်္ဂလားဒေ့ရှ်နိုင်ငံက ဘင်္ဂါလီဒုက္ခသည်တွေကို မြန်မာနိုင်ငံထဲကို ခေါ်ဆောင်သွားဖို့ ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ် ရှိတ်ဟာဆီနာက ဇန်နဝါရီ ၁၁ ရက်နေ့မှာ ပြောကြားလိုက်ပါတယ်။

Bangladesh-Myanmar

ရခိုင်ပြည်နယ်က ဖြစ်ပွားနေတဲ့ ကိစ္စတွေနဲ့ပတ်သက်ပြီး ဘင်္ဂါလီတွေအရေး နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်တင်က ဘင်္ဂလားဒေ့ရှ်နိုင်ငံကို သွားရောက်ဆွေးနွေးစဉ်မှာ ရှိတ်ဟာဆီနာက အဲဒီလို ပြောကြားခဲ့တာပါ။

Bangladesh-Myanmar5

ဒါ့အပြင် ဖြစ်ပွားနေတဲ့ ပဋိပက္ခတွေပြေလည်ဖို့ အဖြေတစ်ရပ်လည်းလိုတယ်လို့ ရှိတ်ဟာဆီနာက တိုက်တွန်းခဲ့တာလို့ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောကြားခဲ့တာ ဖြစ်ပါတယ်။

နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်တင်ဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ဒါကာမြို့ကို အထူးသံတမန်တစ်ဦးအဖြစ် သွားရောက်နေတာဖြစ်ပြီး ခရီးစဉ်ဟာ သုံးရက်ကြာမြင့်မှာ ဖြစ်ပါတယ်။

Bangladesh-Myanmar2

ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီးဌာနဟာ ၂၀၁၆ ဒီဇင်ဘာလမှာ “ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲကို ဘင်္ဂါလီတွေ အမြောက်အများ ဝင်ရောက်နေတဲ့အတွက် ပူပန်ကြောင်းနဲ့ ဘင်္ဂါလီတွေကို မြန်မာနိုင်ငံထဲ ပြန်ခေါ်ဖို့” ဘင်္ဂလားဒေ့ရှ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကို ဆင့်ခေါ်ပြောကြားခဲ့ပါတယ်။

မြန်မာအစိုးရဘက်ကတော့ ဘင်္ဂလားဒေ့ရှ်ထဲကို ရောက်နေတယ်ဆိုတဲ့အထဲက မြန်မာနိုင်ငံသားဖြစ်ကြောင်း စစ်ဆေးထားပြီးဖြစ်တဲ့ ဘင်္ဂါလီ ၂၄၁၅ ဦးကိုပဲ မြန်မာနိုင်ငံထဲ ပြန်ခေါ်သွားမယ်လို့ ဇန်နဝါရီလအစောပိုင်းမှာ ထုတ်ပြန်ထားပြီး ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)