
0
178


ဧပြီလ ၂၅ ရက်နေ့က ပြည်ထဲရေးဝန်ကြီးဌာနရဲ့ တတိယ (၁) နှစ်တာ ကာလအတွင်း ဆောင်ရွက်ချက်တွေမှာ အခုလို ထည့်သွင်းပြောကြားထားတာပါ။  


၂၀၁၈ ခုနှစ်အတွင်း ဘိန်းစိုက်ပျိုးမှု ၉ ဒသမ ၁ ရာခိုင်နှုန်း လျော့ကျ
မူးယစ်ဆေးဝါး ပပျောက်ရေး စီမံကိန်းတွေကို ရေးဆွဲပြီး ဘိန်းအပါအဝင် မူးယစ်ဆေးဝါး တိုက်ဖျက်ရေး လုပ်ငန်းတွေ ဆောင်ရွက်ခြင်းနဲ့ ဘိန်းစိုက်ခင်းတွေ ဖျက်ဆီးခြင်း၊ ဘိန်းအစားထိုးသီးနှံ စိုက်ပျိုးခြင်းနဲ့ သစ်တောစိုက်ပျိုး ထိန်းသိမ်းခြင်းတွေကို ဆောင်ရွက်နိုင်ခဲ့လို့ ၂၀၁၈ ခုနှစ်မှာ ဘိန်းစိုက်ပျိုးမှု ၉ ဒသမ ၁ ရာခိုင်နှုန်း လျှော့ချနိုင်ခဲ့တာဖြစ်ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန ခေတ္တ အမြဲတမ်းအတွင်းဝန် ဦးခိုင်ထွန်းဦးက ပြောပါတယ်။


ဧပြီလ ၂၅ ရက်နေ့က ပြည်ထဲရေးဝန်ကြီးဌာနရဲ့ တတိယ (၁) နှစ်တာ ကာလအတွင်း ဆောင်ရွက်ချက်တွေမှာ အခုလို ထည့်သွငး်ပြောကြားထားတာပါ။


ဒါအ့ပြင် (၃) နှစ်တာကာလအတွင်း မူးယစ်ဆေးဝါးနဲ့ စိတ်ကိုပြောင်းလဲစေတဲ့ ဆေးဝါးတွေ ရောင်းဝယ်၊ ပျံ့နှံ့မှုကို တားဆီးနှိမ်နင်းဖို့အတွက် တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေမှာ စီမံချက် ၁၁ ကြိမ် ရေးဆွဲ ဆောင်ရွက်ခဲ့ရာ အမှုပေါင်း ၂၃၈၃ မှုနဲ့ တရားခံစုစုပေါင်း ၃၃၃၉ ဦးကို ဖမ်းဆီးအရေးယူနိုင်ခဲ့ပါတယ်။