
0
183



ရဟတ်ယာဉ် ထုတ်လုပ်ရေးစက်ရုံ တည်ဆောက်ဖို့ ဆွေးနွေး
ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းဟာ Eco World Developer Co., Ltd က တာဝန်ရှိသူတွေနဲ့ ရဟတ်ယာဉ် ထုတ်လုပ်ရေးစက်ရုံလုပ်ငန်း တည်ဆောက်ဖို့ ဒီကနေ့လည်ပိုင်းက တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးမှာ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။


တွေ့ဆုံဆွေးနွေးပွဲကို လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး အောင်စိုးမိုး၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊ သစ်တောနှင့် စွမ်းအင်ဝန်ကြီး ဦးဟံထွန်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့၊ အတွင်းရေးမှူး ဦးမျိုးအောင်ဌေးနဲ့ ဌာနဆိုင်​ရာက တာဝန်ရှိသူတွေ တက်ရောက်ခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က သတင်း ထုတ်ပြန်ထားပါတယ်။