စက္မႈဇုန္ေတြ ဖြံ႔ၿဖိဳးတုိးတက္ေရး အားလုံးပူးေပါင္း ႀကိဳးပမ္းၾကဖို႔ ရန္ကုန္တုိင္း ဝန္ႀကီးခ်ဳပ္ တုိက္တြန္း

0
391

စက္မႈဇုန္ေတြ ပုိမုိဖြံ႔ၿဖိဳးတုိးတက္ဖုိ႔အတြက္ ေကာ္မတီေတြ၊ ဌာနဆုိင္ရာေတြ အားလုံး ပူးေပါင္းၿပီး ဝိုင္းဝန္း ႀကိဳးပမ္းေဆာင္ရြက္ၾကဖုိ႔ ရန္ကုန္တုိင္းေဒသႀကီး ဝန္ႀကီးခ်ဳပ္ ဦးၿဖိဳးမင္းသိန္းက တုိက္တြန္း ေျပာၾကားခဲ့ပါတယ္။

ဧၿပီလ ၂၃ရက္ေန႔ ေတာင္ဒဂံုစက္မႈဇုန္ (၁) ခန္းမမွာ ေတာင္ဒဂံုစက္မႈဇုန္ (၁)၊ (၂)၊ (၃) စက္မႈဇုန္ႀကီးၾကပ္ေရး ေကာ္မတီ တာဝန္ရွိသူေတြနဲ႔ ဝန္ႀကီးခ်ဳပ္ ဦးၿဖိဳးမင္းသိန္းတို႔ ေတြ႔ဆုံစဥ္ ေျပာၾကားခဲ့တာပါ။

ေတာင္ဒဂံုရဲ႕ စက္မႈဇုန္ေတြ ပိုမုိ ဖြံ႔ၿဖိဳးတိုးတက္လာၿပီး ဒဂံု ေလးၿမိဳ႕နယ္မွာ ေပၚထြန္္းလာမယ့္ ေနာက္ထပ္ စက္မႈဇုန္ေတြ အတြက္လည္း အေဟာင္းေတြကို ျမွင့္တင္ၿပီး အသစ္ေတြကို ထပ္မံ တည္ေဆာက္ႏုိင္ဖုိ႔ ဆက္လက္ႀကိဳးပမ္း တည္ေဆာက္သြားၾကရမွာ ျဖစ္ေၾကာင္း ထည့္သြင္း ေျပာၾကားခဲ့ပါတယ္။

ဒါ့အျပင္ စက္မႈဇုန္ေတြဟာ  မိမိတို႔တုိင္းရဲ႕ ေငြရွာေပးေနတဲ့ ေနရာျဖစ္သလို အလုပ္အကိုင္ အခြင့္အလမ္းေတြကို ဖန္္တီးေပးႏိုင္တဲ့ ေနရာတစ္ခု ျဖစ္တယ္လုိ႔ တိုင္းဝန္ႀကီးခ်ဳပ္ ဦးၿဖိဳးမင္းသိန္းက ေျပာပါတယ္။

စက်မှုဇုန်တွေ ဖွံ့ဖြိုးတိုးတက်ရေး အားလုံးပူးပေါင်း ကြိုးပမ်းကြဖို့ ရန်ကုန်တိုင်း ဝန်ကြီးချုပ် တိုက်တွန်း
စက်မှုဇုန်တွေ ပိုမိုဖွံ့ဖြိုးတိုးတက်ဖို့အတွက် ကော်မတီတွေ၊ ဌာနဆိုင်ရာတွေ အားလုံး ပူးပေါင်းပြီး ဝိုင်းဝန်း ကြိုးပမ်းဆောင်ရွက်ကြဖို့ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက တိုက်တွန်း ပြောကြားခဲ့ပါတယ်။


ဧပြီလ ၂၃ရက်နေ့ တောင်ဒဂုံစက်မှုဇုန် (၁) ခန်းမမှာ တောင်ဒဂုံစက်မှုဇုန် (၁)၊ (၂)၊ (၃) စက်မှုဇုန်ကြီးကြပ်ရေး ကော်မတီ တာဝန်ရှိသူတွေနဲ့ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းတို့ တွေ့ဆုံစဉ် ပြောကြားခဲ့တာပါ။


တောင်ဒဂုံရဲ့ စက်မှုဇုန်တွေ ပိုမို ဖွံ့ဖြိုးတိုးတက်လာပြီး ဒဂုံ လေးမြို့နယ်မှာ ပေါ်ထွန်းလာမယ့် နောက်ထပ် စက်မှုဇုန်တွေ အတွက်လည်း အဟောင်းတွေကို မြှင့်တင်ပြီး အသစ်တွေကို ထပ်မံ တည်ဆောက်နိုင်ဖို့ ဆက်လက်ကြိုးပမ်း တည်ဆောက်သွားကြရမှာ ဖြစ်ကြောင်း ထည့်သွင်း ပြောကြားခဲ့ပါတယ်။


ဒါ့အပြင် စက်မှုဇုန်တွေဟာ မိမိတို့တိုင်းရဲ့ ငွေရှာပေးနေတဲ့ နေရာဖြစ်သလို အလုပ်အကိုင် အခွင့်အလမ်းတွေကို ဖန်တီးပေးနိုင်တဲ့ နေရာတစ်ခု ဖြစ်တယ်လို့ တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောပါတယ်။