ကွန်ပျူတာလုပ်ငန်းရှင်များအသင်းက မုံရွာက မန်းကျည်းအုပ်တောရချောင်မှာ အခမဲ့ သင်တန်းပေးနေ

0
473









မုံရွာမြို့မှာ ကွန်ပျူတာလုပ်ငန်းရှင်များအသင်းက မန်ကျည်းအုပ်တောရကျောင်းမှာ လူငယ်တွေကို ကွန်ပျူတာ အခြေခံသင်တန်း အခမဲ့သင်ကြားပေးနေ ပါတယ်။ ဒီသတင်းကို MCN မုံရွာသတင်းထောက် တင်မာဆွေက ပေးပို့ထားပြီး သက်နောင်စိုး တင်ဆက်ပေးထားပါတယ်။

စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့ မန်ကျည်းအုပ်တောရကျောင်းမှာ အခြေခံပညာ အလယ်တန်းအဆင့်ကျောင်းသူ၊ ကျောင်းသားတွေ၊ တက္ကသိုလ်တက်ရောက်နေသူတွေနဲ့ လုပ်ငန်းခွင်ဝင်ရောက်မယ့် လူငယ်တွေကို နွေရာသီ တစ်လခွဲ ကွန်ပျူတာ အခြေခံသင်တန်း အခမဲ့ သင်ကြားပေးနေတာ ဖြစ်ပါတယ်။

အဲဒီသင်တန်းကို ကွန်ပျူတာလုပ်ငန်းရှင်များအသင်းက ကူညီလုပ်ဆောင်ပေးတာ ဖြစ်ပြီး မန်ကျည်းအုပ်တောရကျောင်းက ပံ့ပိုးကူညီပေးပေးတာ ဖြစ်ပါတယ်။

Soundbite ဥူးဝိဇ္ဇောဒရ
မကျည်းအုပ်ကျောင်းတိုက်လက်ထောက်ဆရာတော်

အဲဒီသတင်တန်းဖွင့်လှစ်နိုင်ဖို့အတွက် မြန်မာနိုင်ငံကွန်ပျူတာလုပ်ငန်းရှင်အသင်းက Laptop အလုံး ၂၀ ထောက်ပံ့ပေးထားပြီး သင်တန်းဆရာ ၇ ဦးနဲ့ သင်တန်းသား၊ သင်တန်းသူ ၁၅၀ ကို သင်တန်းချိန် ၇ ချိန်ခွဲကာ သင်ကြားပေးကာ ဧပြီလ ၃၀ ရက်နေ့မှာ သင်တန်းပြီးဆုံးမှာ ဖြစ်ပါတယ်။

Soundbite ဦးအာင်ရင်မြင့် (အတွင်းရေးမှူး) စစ်ကိုင်းတိုင်းဒေသကြီး၊ ကွန်ပျူတာလုပ်ငန်းရှင်များအသင်း

မုံရွာမြို့ မန်ကျည်းအုပ်တောရကျောင်းမှာ ကွန်ပျူတာ အခြေခံသင်တန်း အခမဲ့ သင်ကြားပေးနေတာ ၃ နှစ်ရှိပြီ ဖြစ်ပြီး၊ သင်တန်းသား၊ သင်တန်းသူ ၂၅၀ ကျော် သင်ကြားပေးနိုင်ခဲ့တာ ဖြစ်ပါတယ် ခင်ဗျာ။