အလုပ္သမားမွတ္ပံုတင္ ေလဘာကဒ္ တစ္လကို ၁၅၀၀၀ နီးပါးထုတ္ေပးေန

0
451

အလုပ္သမားမွတ္ပံုတင္ ေလဘာကဒ္ တစ္လကို ၁၅၀၀၀ နီးပါး ထုတ္ေပးေနတယ္လို႔ လိႈင္သာယာၿမိဳ႕နယ္ရဲ႕ အလုပ္သမားညႊန္ၾကားေရးဦးစီး ဌာနက ေျပာပါတယ္။ ဒီသတင္းကို MCN သတင္းေထာက္ေဌးေဌးကေပးပို႔ထားပါတယ္။

လိႈင္သာယာၿမိဳ႕နယ္ ေလဘာရံုးကို လာေရာက္ေလွ်ာက္ထားတဲ့ အလုပ္သမားဦးေရဟာ တစ္ရက္ကို ၆၀၀ နီးပါးရွိေပမယ့္ တနလၤာေန႔နဲ႔ ေသာၾကာေန႔ေတြဆိုရင္ ပံုမွန္ထက္ ႏွစ္ဆရွိတယ္လို႔ လိႈင္သာယာၿမိဳ႕နယ္ အလုပ္သမားညႊန္ၾကားေရး ဦးစီးဌာနရဲ႕ ဦးစီးအရာရွိက ေျပာပါတယ္။

အလုပ္ေလွ်ာက္ထားဖို႔အတြက္ ေလဘာေလွ်ာက္ထားသူအမ်ားစုဟာ အထည္ခ်ဳပ္စက္ရံုေတြမွာ ၀င္ေရာက္ လုပ္ကိုင္ဖို႔ လာေရာက္ ေလွ်ာက္ထားၾကတာ ပိုမ်ားတယ္လို႔လည္း ေျပာပါတယ္။

ဦးေစာဟုန္းမား(ဦးစီးအရာရွိ)

လိႈင္သာယာၿမိဳ႕နယ္၊အလုပ္သမားညႊန္ၾကားေရးဦးစီးဌာန

ဒါ့အျပင္ အလုပ္အကိုင္အခြင့္အလမ္း မ်ားမ်ားေပၚထြက္လာဖို႔အတြက္ ၀န္ႀကီးဌာနအေနနဲ႔ အလုပ္သမားမွတ္ပံုတင္ ေလဘာကဒ္ကို အခမဲ့ေဆာင္ရြက္ေပးေနတာေၾကာင့္ ကိုယ္တိုင္လာေရာက္ ေလွ်ာက္ထားဖို႔လည္း တိုက္တြန္း ေျပာခဲ့ပါတယ္။

ဦးေစာဟုန္းမား(ဦးစီးအရာရွိ)

လိႈင္သာယာၿမိဳ႕နယ္၊အလုပ္သမားညႊန္ၾကားေရးဦးစီးဌာန

လိႈင္သာယာၿမိဳ႕နယ္မွာ ေန႔စဥ္အလုပ္ေလွ်ာက္ထားသူ ဦးေရ မ်ားျပားလာတာေၾကာင့္ ေလဘာကဒ္ျပဳလုပ္သူ ၁၀၀၀ နီးပါး နားေနႏိုင္မယ့္ အေဆာင္နဲ႔ သန္႔စင္ခန္းေတြလည္း ေဆာင္ရြက္ေပးထားတယ္လို႔ ေျပာပါတယ္။

ၿပီးခဲ့တဲ့ ႏွစ္အတြင္းက လိႈင္သာယာၿမိဳ႕နယ္၊ အလုပ္သမားညႊန္ၾကားေရးဦးစီးဌာနအေနနဲ႔ အလုပ္သမား မွတ္ပံုတင္ ေလဘာကဒ္ ၂ သိန္းနီးပါး ထုတ္ေပးခဲ့တယ္လို႔  ေျပာပါတယ္ရွင္။

အလုပ်သမားမှတ်ပုံတင် လေဘာကဒ် တစ်လကို ၁၅၀ဝ၀ နီးပါး ထုတ်ပေးနေတယ်လို့ လှိုင်သာယာမြို့နယ်ရဲ့ အလုပ်သမားညွှန်ကြားရေးဦးစီး ဌာနက ပြောပါတယ်။ ဒီသတင်းကို MCN သတင်းထောက်ဌေးဌေးကပေးပို့ထားပါတယ်။

လှိုင်သာယာမြို့နယ် လေဘာရုံးကို လာရောက်လျှောက်ထားတဲ့ အလုပ်သမားဦးရေဟာ တစ်ရက်ကို ၆၀ဝ နီးပါးရှိပေမယ့် တနင်္လာနေ့နဲ့ သောကြာနေ့တွေဆိုရင် ပုံမှန်ထက် နှစ်ဆရှိတယ်လို့ လှိုင်သာယာမြို့နယ် အလုပ်သမားညွှန်ကြားရေး ဦးစီးဌာနရဲ့ ဦးစီးအရာရှိက ပြောပါတယ်။
အလုပ်လျှောက်ထားဖို့အတွက် လေဘာလျှောက်ထားသူအများစုဟာ အထည်ချုပ်စက်ရုံတွေမှာ ဝင်ရောက် လုပ်ကိုင်ဖို့ လာရောက် လျှောက်ထားကြတာ ပိုများတယ်လို့လည်း ပြောပါတယ်။

ဦးစောဟုန်းမား(ဦးစီးအရာရှိ)
လှိုင်သာယာမြို့နယ်၊အလုပ်သမားညွှန်ကြားရေးဦးစီးဌာန

ဒါ့အပြင် အလုပ်အကိုင်အခွင့်အလမ်း များများပေါ်ထွက်လာဖို့အတွက် ဝန်ကြီးဌာနအနေနဲ့ အလုပ်သမားမှတ်ပုံတင် လေဘာကဒ်ကို အခမဲ့ဆောင်ရွက်ပေးနေတာကြောင့် ကိုယ်တိုင်လာရောက် လျှောက်ထားဖို့လည်း တိုက်တွန်း ပြောခဲ့ပါတယ်။

ဦးစောဟုန်းမား(ဦးစီးအရာရှိ)
လှိုင်သာယာမြို့နယ်၊အလုပ်သမားညွှန်ကြားရေးဦးစီးဌာန

လှိုင်သာယာမြို့နယ်မှာ နေ့စဉ်အလုပ်လျှောက်ထားသူ ဦးရေ များပြားလာတာကြောင့် လေဘာကဒ်ပြုလုပ်သူ ၁၀ဝ၀ နီးပါး နားနေနိုင်မယ့် အဆောင်နဲ့ သန့်စင်ခန်းတွေလည်း ဆောင်ရွက်ပေးထားတယ်လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ နှစ်အတွင်းက လှိုင်သာယာမြို့နယ်၊ အလုပ်သမားညွှန်ကြားရေးဦးစီးဌာနအနေနဲ့ အလုပ်သမား မှတ်ပုံတင် လေဘာကဒ် ၂ သိန်းနီးပါး ထုတ်ပေးခဲ့တယ်လို့ ပြောပါတယ်ရှင်။