ကြ်န္းေပၚ ေရႊ႕ေျပာင္းေနရာခ်မယ့္ အစီအစဥ္ ဘဂၤါလီေတြ ျငင္းဆို

0
268

လူဦးေရ ထူထပ္ေနတဲ့ ဒုကၡသည္စခန္းက ဘဂၤါလီ မြတ္စလင္ ဒုကၡသည္ေတြကို ဘဂၤလားပင္လယ္ေအာ္ရွိ လူမေနတဲ့ကြ်န္းမွာ ေရႊ႕ေျပာင္း ေနရာခ်ထားေရးမွာ ျငင္းဆန္မႈေတြ ရွိေနတဲ့အတြက္ ဘဂၤလားေဒ့ရွ္ အစိုးရ အခက္အခဲ ႀကံဳေနပါတယ္။

လူမႈေရး၊ စီးပြားေရး၊ သဘာဝ ပတ္ဝန္းက်င္နဲ႔ လူထုအတြင္း လံုၿခံဳေရး အခက္အခဲေတြကို ေလွ်ာ့ခ်ဖို႔ ဘဂၤလားေဒ့ရွ္ အစိုးရက ဘဂၤါလီ ဒုကၡသည္ ၁ သိန္းကို ဘာဆန္ခ်ား ကြ်န္းထံ ေရႊ႕ေျပာင္း ေနရာခ်ထားဖို႔ စီစဥ္ေနတာ ျဖစ္ပါတယ္။ ဘာဆန္ခ်ား ကြ်န္းဆီကို အနီးဆံုးကမ္းေျခကေန ၁ နာရီၾကာ ေမာ္ေတာ္ဘုတ္နဲ႔ သြားရပါတယ္။

ဘာဆန္ခ်ား ကြ်န္းေပၚမွာ လူေနထိုင္ဖို႔ အေဆာက္အအံုသစ္ေတြ ေဆာက္လုပ္ထားေပမယ့္ ဘဂၤါလီ မြတ္စလင္ေတြက ေရႊ႕ေျပာင္းလိုျခင္း မရွိၾကတာပါ။ အဲဒီကြ်န္းကို ေန႔ဆိုင္း အလုပ္သမားေတြက လြဲရင္ ဘယ္သူ႔ကိုမွ သြားခြင့္မျပဳပါဘူး။ ဧၿပီလ ၁၈ ရက္ေန႔မွာေတာ့ ဂ်ပန္ က်ိဳဒို သတင္းဌာနက ပထမဆံုး ျပည္ပ မီဒီယာအျဖစ္ ကြ်န္းေပၚကို သြားေရာက္ ေလ့လာၿပီး တာဝန္ရွိသူေတြနဲ႔ ေတြ႔ဆံုခဲ့ပါတယ္။

ကျွန်းပေါ် ရွှေ့ပြောင်းနေရာချမယ့် အစီအစဉ် ဘင်္ဂါလီတွေ ငြင်းဆို
လူဦးရေ ထူထပ်နေတဲ့ ဒုက္ခသည်စခန်းက ဘင်္ဂါလီ မွတ်စလင် ဒုက္ခသည်တွေကို ဘင်္ဂလားပင်လယ်အော်ရှိ လူမနေတဲ့ကျွန်းမှာ ရွှေ့ပြောင်း နေရာချထားရေးမှာ ငြင်းဆန်မှုတွေ ရှိနေတဲ့အတွက် ဘင်္ဂလားဒေ့ရှ် အစိုးရ အခက်အခဲ ကြုံနေပါတယ်။


လူမှုရေး၊ စီးပွားရေး၊ သဘာဝ ပတ်ဝန်းကျင်နဲ့ လူထုအတွင်း လုံခြုံရေး အခက်အခဲတွေကို လျှော့ချဖို့ ဘင်္ဂလားဒေ့ရှ် အစိုးရက ဘင်္ဂါလီ ဒုက္ခသည် ၁ သိန်းကို ဘာဆန်ချား ကျွန်းထံ ရွှေ့ပြောင်း နေရာချထားဖို့ စီစဉ်နေတာ ဖြစ်ပါတယ်။ ဘာဆန်ချား ကျွန်းဆီကို အနီးဆုံးကမ်းခြေကနေ ၁ နာရီကြာ မော်တော်ဘုတ်နဲ့ သွားရပါတယ်။


ဘာဆန်ချား ကျွန်းပေါ်မှာ လူနေထိုင်ဖို့ အဆောက်အအုံသစ်တွေ ဆောက်လုပ်ထားပေမယ့် ဘင်္ဂါလီ မွတ်စလင်တွေက ရွှေ့ပြောင်းလိုခြင်း မရှိကြတာပါ။ အဲဒီကျွန်းကို နေ့ဆိုင်း အလုပ်သမားတွေက လွဲရင် ဘယ်သူ့ကိုမှ သွားခွင့်မပြုပါဘူး။ ဧပြီလ ၁၈ ရက်နေ့မှာတော့ ဂျပန် ကျိုဒို သတင်းဌာနက ပထမဆုံး ပြည်ပ မီဒီယာအဖြစ် ကျွန်းပေါ်ကို သွားရောက် လေ့လာပြီး တာဝန်ရှိသူတွေနဲ့ တွေ့ဆုံခဲ့ပါတယ်။