ႏိုင္ငံေရးအက်ဥ္းသား မရွိေၾကာင္း အက်ဥ္းဦးစီးဌာန ေျပာ

0
469

မီဒီယာတခ်ိဳ႕မွာ ေဖာ္ျပေနၾကသလို ႏိုင္ငံေရး အက်ဥ္းသူ၊ ႏိုင္ငံေရး အက်ဥ္းသားမ်ား မရွိေၾကာင္း အက်ဥ္းဦးစီးဌာနက သတင္း ထုတ္ျပန္လိုက္ပါတယ္။

ျမန္မာႏိုင္ငံရွိ အသင္းအဖြဲ႔ တစ္ခုက ႏိုင္ငံေရး အက်ဥ္းသားလို႔ ေဖာ္ျပထားတဲ့ ၄၈ ဦး စာရင္းကို စိစစ္ရာမွာ ျပစ္ဒဏ္က်ခံဆဲ ၃၇ ဦး၊ လြတ္ေျမာက္ၿပီးသူ ၄ ဦး၊ ရွာမေတြ႔သူ ၇ ဦး ရွိေၾကာင္း၊ ျပစ္ဒဏ္က်ခံဆဲ ၃၇ ဦးဟာ ႏိုင္ငံေရးေၾကာင္း မဟုတ္ဘဲ ႏိုင္ငံေတာ္လံုၿခံဳေရးကို ထိပါးေႏွာက္ယွက္ျခင္း၊ လက္နက္ကိုင္ေဆာင္ျခင္း၊ ႏိုင္ငံေတာ္ကို ပုန္ကန္ျခင္း၊ အၾကမ္းဖက္ျခင္း၊ မူးယစ္ေဆးဝါး သယ္ေဆာင္ေရာင္းဝယ္ျခင္းတို႔ေၾကာင့္ ျဖစ္တယ္လို႔ အက်ဥ္းဦးစီးဌာနက ထုတ္ျပန္ထားပါတယ္။

ႏိုင္ငံေရးအက်ဥ္းသားမ်ား ကူညီေစာင့္ေရွာက္ေရး အဖြဲ႔ (AAPP) က မၾကာမီက ေပးခဲ့တဲ့ လြတ္ၿငိမ္းခ်မ္းသာခြင့္ ၉ ေထာင္ေက်ာ္ ေပးရာမွာ ႏိုင္ငံေရး အက်ဥ္းသား ၂ ဦးသာ ပါဝင္တယ္လို႔ ေျပာဆိုခ်က္နဲ႔ ပတ္သက္ၿပီး ထုတ္ျပန္ထားတာ ျဖစ္ပါတယ္။

နိုင်ငံရေးအကျဉ်းသား မရှိကြောင်း အကျဉ်းဦးစီးဌာန ပြော
မီဒီယာတချို့မှာ ဖော်ပြနေကြသလို နိုင်ငံရေး အကျဉ်းသူ၊ နိုင်ငံရေး အကျဉ်းသားများ မရှိကြောင်း အကျဉ်းဦးစီးဌာနက သတင်း ထုတ်ပြန်လိုက်ပါတယ်။


မြန်မာနိုင်ငံရှိ အသင်းအဖွဲ့ တစ်ခုက နိုင်ငံရေး အကျဉ်းသားလို့ ဖော်ပြထားတဲ့ ၄၈ ဦး စာရင်းကို စိစစ်ရာမှာ ပြစ်ဒဏ်ကျခံဆဲ ၃၇ ဦး၊ လွတ်မြောက်ပြီးသူ ၄ ဦး၊ ရှာမတွေ့သူ ၇ ဦး ရှိကြောင်း၊ ပြစ်ဒဏ်ကျခံဆဲ ၃၇ ဦးဟာ နိုင်ငံရေးကြောင်း မဟုတ်ဘဲ နိုင်ငံတော်လုံခြုံရေးကို ထိပါးနှောက်ယှက်ခြင်း၊ လက်နက်ကိုင်ဆောင်ခြင်း၊ နိုင်ငံတော်ကို ပုန်ကန်ခြင်း၊ အကြမ်းဖက်ခြင်း၊ မူးယစ်ဆေးဝါး သယ်ဆောင်ရောင်းဝယ်ခြင်းတို့ကြောင့် ဖြစ်တယ်လို့ အကျဉ်းဦးစီးဌာနက ထုတ်ပြန်ထားပါတယ်။


နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အဖွဲ့ (AAPP) က မကြာမီက ပေးခဲ့တဲ့ လွတ်ငြိမ်းချမ်းသာခွင့် ၉ ထောင်ကျော် ပေးရာမှာ နိုင်ငံရေး အကျဉ်းသား ၂ ဦးသာ ပါဝင်တယ်လို့ ပြောဆိုချက်နဲ့ ပတ်သက်ပြီး ထုတ်ပြန်ထားတာ ဖြစ်ပါတယ်။