ျမစ္ဆံုဆည္္တည္ေဆာက္ဖို႔ ႏိုင္ငံတကာစံႏႈန္းအရ လုပ္ေဆာင္ထားတာမဟုတ္

0
441

ျမစ္ဆံုဆည္တည္ေဆာက္ဖို႔အတြက္ ႏိုင္ငံတကာစံႏႈန္းအရ လုပ္ေဆာင္ထားတာ မဟုတ္ဘူးလို႔ မိုးေလဝသပညာရွင္ ေဒါက္တာထြန္းလြင္က ေျပာပါတယ္။ ဒီသတင္းကိုေတာ့ MCN သတင္းေထာက္သက္ေနာင္စိုးက တင္ဆက္ေပးထားပါတယ္။

ဧရာဝတီျမစ္ဆံုဆည္တည္ေဆာက္ဖို႔အတြက္ ႏိုင္ငံတကာစံႏႈန္းအရ အကဲျဖတ္ေလ့လာမႈမွာ ၆ ႏွစ္မွ ၈ ႏွစ္ အထိ အခ်ိန္အတိုင္းအတာ လိုအပ္တာျဖစ္ၿပီး ၂ ႏွစ္သာ အခ်ိန္ယူခဲ့တယ္လို႔ မိုးေလဝသပညာရွင္ ေဒါက္တာထြန္းလြင္က ေထာက္ျပ ေျပာၾကားခဲ့ပါတယ္။

ဧၿပီလ ၂၀ ရက္ေန႔က ရန္ကုန္ၿမိဳ႕ႏိုဗိုတယ္ဟိုတယ္မွာ ဧရာဝတီကို ျပန္ေ႐ြးယူၾကမယ္ စကားဝိုင္းေဆြးေႏြးပြဲျပဳလုပ္ခဲ့တာပါ။

Sound Bite – ေဒါက္တာထြန္းလြင္

                 မိုးေလဝသပညာရွင္

ဒါ့အျပင္ ျမန္မာႏိုင္ငံ အလယ္ပိုင္းေဒသဟာ ေ႐ႊကိုလည္း မလိုအပ္ ေငြကိုလည္း မလိုအပ္ပဲ ေရကိုသာ အဓိက လိုအပ္တာေၾကာင့္ ဧရာဝတီကိုေတာ့ မထိသင့္ဘူးလို႔လည္း ေဒါက္တာထြန္းလြင္က ေျပာပါတယ္။

Sound Bite – ေဒါက္တာထြန္းလြင္

                 မိုးေလဝသပညာရွင္စစ္အစိုးရ လက္ထက္က တ႐ုတ္ CPI ကုမၸဏီနဲ႔ သေဘာတူညီခဲ့တဲ့ ျမစ္ဆုံဆည္ စီမံကိန္းနဲ႔ ပတ္သက္ၿပီး အဲဒီျမစ္ဆုံကို ျပည္သူေတြ တစ္ဦးကို တစ္ေဒၚလာႏႈန္းနဲ႔ ျပန္ေရြးယူဖို႔အတြက္ ေဆြးေႏြးခဲ့ၾကသလို လက္ရွိမွာလည္း ျမစ္​ဆံု​ေရကာတာ တည္​​ေဆာက္​ျခင္​းစီမံကိန္​း အၿပီးအပိုင္​ ရပ္​တန္​႔​ေစဖုိ႔အတြက္ ဆႏၵထုတ္ေဖာ္မႈေတြလည္း လုပ္ေဆာင္ေနၾကတာ ျဖစ္ပါတယ္ခင္ဗ်ာ။

မြစ်ဆုံဆည်တည်ဆောက်ဖို့အတွက် နိုင်ငံတကာစံနှုန်းအရ လုပ်ဆောင်ထားတာ မဟုတ်ဘူးလို့ မိုးလေဝသပညာရှင် ဒေါက်တာထွန်းလွင်က ပြောပါတယ်။ ဒီသတင်းကိုတော့ MCN သတင်းထောက်သက်နောင်စိုးက တင်ဆက်ပေးထားပါတယ်။

ဧရာဝတီမြစ်ဆုံဆည်တည်ဆောက်ဖို့အတွက် နိုင်ငံတကာစံနှုန်းအရ အကဲဖြတ်လေ့လာမှုမှာ ၆ နှစ်မှ ၈ နှစ် အထိ အချိန်အတိုင်းအတာ လိုအပ်တာဖြစ်ပြီး ၂ နှစ်သာ အချိန်ယူခဲ့တယ်လို့ မိုးလေဝသပညာရှင် ဒေါက်တာထွန်းလွင်က ထောက်ပြ ပြောကြားခဲ့ပါတယ်။

ဧပြီလ ၂၀ ရက်နေ့က ရန်ကုန်မြို့နိုဗိုတယ်ဟိုတယ်မှာ ဧရာဝတီကို ပြန်ရွေးယူကြမယ် စကားဝိုင်းဆွေးနွေးပွဲပြုလုပ်ခဲ့တာပါ။

Sound Bite – ဒေါက်တာထွန်းလွင်
မိုးလေဝသပညာရှင်

ဒါ့အပြင် မြန်မာနိုင်ငံ အလယ်ပိုင်းဒေသဟာ ရွှေကိုလည်း မလိုအပ် ငွေကိုလည်း မလိုအပ်ပဲ ရေကိုသာ အဓိက လိုအပ်တာကြောင့် ဧရာဝတီကိုတော့ မထိသင့်ဘူးလို့လည်း ဒေါက်တာထွန်းလွင်က ပြောပါတယ်။

Sound Bite – ဒေါက်တာထွန်းလွင်
မိုးလေဝသပညာရှင်

စစ်အစိုးရ လက်ထက်က တရုတ် CPI ကုမ္ပဏီနဲ့ သဘောတူညီခဲ့တဲ့ မြစ်ဆုံဆည် စီမံကိန်းနဲ့ ပတ်သက်ပြီး အဲဒီမြစ်ဆုံကို ပြည်သူတွေ တစ်ဦးကို တစ်ဒေါ်လာနှုန်းနဲ့ ပြန်ရွေးယူဖို့အတွက် ဆွေးနွေးခဲ့ကြသလို လက်ရှိမှာလည်း မြစ်​ဆုံ​ရေကာတာ တည်​​ဆောက်​ခြင်​းစီမံကိန်​း အပြီးအပိုင်​ ရပ်​တန်​့​စေဖို့အတွက် ဆန္ဒထုတ်ဖော်မှုတွေလည်း လုပ်ဆောင်နေကြတာ ဖြစ်ပါတယ်ခင်ဗျာ။