ျမန္မာ အပါအဝင္ ငါးႏိုင္ငံက ရဲေတြကို အိႏၵိယက သင္တန္းေပးမယ္

0
316

ျမန္မာ၊ အာဖဂန္နစၥတန္၊ ဘဂၤလားေဒ့ရွ္၊ သီရိလကၤာနဲ႔ တူနီးရွား ႏိုင္ငံတို႔က ရဲတပ္ဖြဲ႔ဝင္ေတြကို အိႏၵိယက သင္တန္းေပးမွာ ျဖစ္ပါတယ္။

ဒီ ငါးႏိုင္ငံက ရဲတပ္ဖြဲ႔ဝင္ေတြကို RBVRR ေတလန္ဂါနာ ျပည္နယ္ ရဲအကယ္ဒမီ (TSPA) မွာ အေရးႀကီးပုဂၢိဳလ္မ်ား လံုၿခံဳေရးယူျခင္း၊ ဆိုင္ဘာ ရာဇဝတ္မႈ ႏွိမ္နင္းေရးအပါအဝင္ ဘာသာရပ္ မ်ိဳးစံုကို ပို႔ခ်မွာ ျဖစ္ပါတယ္။ ဒီရဲအကယ္ဒမီ သင္တန္းေက်ာင္းဟာ ျပည္ပႏိုင္ငံက ရဲတပ္ဖြဲ႔ဝင္ေတြကို သင္တန္းေပးတဲ့ ပထမဆံုးေသာ အိႏၵိယ သင္တန္းေက်ာင္း ျဖစ္လာမွာပါ။

ဒီ ငါးႏိုင္ငံက ရဲတပ္ဖြဲ႔ဝင္ေတြကို သင္တန္းေပးလိုေၾကာင္း အိႏၵိယ အစိုးရကို စာေရး ေတာင္းဆိုခဲ့ၿပီး အစိုးရကလည္း လက္ခံခဲ့ေၾကာင္း၊ သင္တန္းေက်ာင္းအေနနဲ႔ မၾကာမီ ဒီ ငါးႏိုင္ငံက ရဲတပ္ဖြဲ႔ဝင္ေတြကို ေရြးခ်ယ္ေစလႊတ္ဖို႔ အေၾကာင္းၾကားမွာ ျဖစ္ေၾကာင္း ရဲတပ္ဖြဲ႔ရဲ႕ တြဲဖက္ညႊန္ၾကားေရးမွဴနဲ႔ TSPA ရဲ႕ ဒါ႐ိုက္တာ ျဖစ္သူ ဆန္တို႔ရွ္ ေမရာက ဒက္ကန္ ခ႐ိုနီကယ္ သတင္းဌာနကို ေျပာပါတယ္။

မြန်မာ အပါအဝင် ငါးနိုင်ငံက ရဲတွေကို အိန္ဒိယက သင်တန်းပေးမယ်
မြန်မာ၊ အာဖဂန်နစ္စတန်၊ ဘင်္ဂလားဒေ့ရှ်၊ သီရိလင်္ကာနဲ့ တူနီးရှား နိုင်ငံတို့က ရဲတပ်ဖွဲ့ဝင်တွေကို အိန္ဒိယက သင်တန်းပေးမှာ ဖြစ်ပါတယ်။
ဒီ ငါးနိုင်ငံက ရဲတပ်ဖွဲ့ဝင်တွေကို RBVRR တေလန်ဂါနာ ပြည်နယ် ရဲအကယ်ဒမီ (TSPA) မှာ အရေးကြီးပုဂ္ဂိုလ်များ လုံခြုံရေးယူခြင်း၊ ဆိုင်ဘာ ရာဇဝတ်မှု နှိမ်နင်းရေးအပါအဝင် ဘာသာရပ် မျိုးစုံကို ပို့ချမှာ ဖြစ်ပါတယ်။ ဒီရဲအကယ်ဒမီ သင်တန်းကျောင်းဟာ ပြည်ပနိုင်ငံက ရဲတပ်ဖွဲ့ဝင်တွေကို သင်တန်းပေးတဲ့ ပထမဆုံးသော အိန္ဒိယ သင်တန်းကျောင်း ဖြစ်လာမှာပါ။
ဒီ ငါးနိုင်ငံက ရဲတပ်ဖွဲ့ဝင်တွေကို သင်တန်းပေးလိုကြောင်း အိန္ဒိယ အစိုးရကို စာရေး တောင်းဆိုခဲ့ပြီး အစိုးရကလည်း လက်ခံခဲ့ကြောင်း၊ သင်တန်းကျောင်းအနေနဲ့ မကြာမီ ဒီ ငါးနိုင်ငံက ရဲတပ်ဖွဲ့ဝင်တွေကို ရွေးချယ်စေလွှတ်ဖို့ အကြောင်းကြားမှာ ဖြစ်ကြောင်း ရဲတပ်ဖွဲ့ရဲ့ တွဲဖက်ညွှန်ကြားရေးမှူနဲ့ TSPA ရဲ့ ဒါရိုက်တာ ဖြစ်သူ ဆန်တို့ရှ် မေရာက ဒက်ကန် ခရိုနီကယ် သတင်းဌာနကို ပြောပါတယ်။