
0
390






BRI စီမံကိန်းအရ တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေး မြင့်တက်လာမယ့်လို့ မျှော်မှန်း
ရွှေလီ ဝင်ကုန်-ထွက်ကုန် စိစစ်ရေးအဖွဲ့ရဲ့ အချက်အလက်တွေအရ မြန်မာနိုင်ငံဘက်ကနေ တရုတ်နိုင်ငံဘက်ကို ပင်လယ်စာ တင်သွင်းမှုဟာ ၂၀၁၇ ခုနှစ်မှာ တန် ၂၆၀ဝ၀ ရှိလာပြီး တစ်နှစ်ထက် တစ်နှစ် ၁၀၆ ရာခိုင်နှုန်း တိုးတက်လာပါတယ်။
မြန်မာဘက်က ပင်လယ်စာနဲ့ သစ်သီးဝလံတွေ တင်ပို့သလို တရုတ်ဘက်ကလည်း မိုဘိုင်းဖုန်း၊ ဆိုင်ကယ် စတဲ့ စက်ပစ္စည်းနဲ့ လျှပ်စစ်ပစ္စည်းတွေ မြန်မာဘက်ကို တင်ပို့ပါတယ်။ ဒေဟွန် ဒိုင်နဲ့ ကျန်ပို ကိုယ်ပိုင်ချုပ်ခွင့်ရ ဒေသ ဆိပ်ကမ်းတွေကနေ ကုန်သွယ်မှုဟာ ၂၀၁၈ ခုနှစ်မှာ အမေရိကန် ဒေါ်လာ ၁၁ ဘီလီယံရှိပြီး တစ်နှစ်ထက် တစ်နှစ် ၆၇ ရာခိုင်နှုန်း တိုးတက်လာပါတယ်။
ဆောင်းရာသီကာလမှာ မြန်မာနိုင်ငံက ဖရဲသီးတွေ တင်ပို့ပြီး တရုတ်ဈေးကွက်ရဲ့ ၈၀ ရာခိုင်နှုန်းကျော်ကို ရရှိထားပါတယ်။ ဒါပေမယ့် မြန်မာနိုင်ငံဘက်က လမ်းပန်းဆက်သွယ်ရေး မကောင်းတဲ့အတွက် တိုးတက်မှုဟာ မရေမရာ ဖြစ်နေတာတွေလည်း ရှိပါတယ်။
ရပ်ဝန်းနဲ့ ပိုးလမ်းမ နကဦး စီမံကိန်း (BRI) အရ မူဆယ်နဲ့ မန္တလေးကို ချိတ်ဆက်နိုင်မယ့် ဆောက်လုပ်ရေး လုပ်ငန်းတွေ စတင်ဖို့ ရှိနေပြီး အာယွန် တရုတ် ရထား အင်ဂျင်နီယာ ဂရု (ပ်) က ဘူမိဗေဒဆိုင်ရာ အချက်အလက် ကောက်ယူမှုတွေ လုပ်ဆောင်ပြီး ဖြစ်ပါတယ်။
ရပ်ဝန်းနဲ့ ပိုးလမ်းမ နကဦး စီမံကိန်း (BRI) ကသာလျှင် နှစ်နိုင်ငံအကြား စီးပွားရေး ပတ်ဝန်းကျင်ကို ကောင်းမွန်အောင် သေချာပေါက် လုပ်နိုင်မှာ ဖြစ်တယ်လို့ ရွှေလီ အခြေစိုက် စီးပွားရေးသမား အန် ရှင်ကျီက ပြောပါတယ်။