လူငယ္လုပ္သား ၆၀၀ ေက်ာ္ေမြးထုတ္ေပးမယ့္ စု အသက္ေမြးဝမ္းေက်ာင္းသိပၸံ ေဆာက္လုပ္မယ္

0
407

ႏွစ္စဥ္ လူငယ္လုပ္သား ၆၀၀ ေက်ာ္ကုိ ေမြးထုတ္ေပးမယ္႔ စု အသက္ေမြး၀မ္းေက်ာင္းသိပၸံ ေက်ာင္းကုိ ေတာင္ဒဂုံၿမဳိ႕နယ္မွာ ေဆာက္လုပ္သြားမွာျဖစ္ပါတယ္။ ဒီသတင္းကုိ MCN သတင္းေထာက္သႏၱာမုိးက ေပးပုိ႔ ထားပါတယ္။

အမ်ဳိးသားဒီမုိကေရစီအဖြဲ႔ခ်ဳပ္ ပညာေရးကြန္ရက္က ဦးေဆာင္ျပီး Korea Myanmar Social Enterprise ရဲ႕ေထာက္ပံ႔မႈနဲ႔ စု အသက္ေမြး၀မ္းေက်ာင္းသိပၸံ ေက်ာင္းကုိ ရန္ကုန္တုိင္းေဒသႀကီး ေတာင္ဒဂုံၿမဳိ႔နယ္ အမွတ္၅၄ရပ္ကြက္ ေဇယ်ာၿမဳိင္လမ္းတြင္ တည္ေဆာက္သြားမွာျဖစ္ပါတယ္။

အဲဒီ စု အသက္ေမြး၀မ္းေက်ာင္းသိပၸံ ေက်ာင္း ၿပီးစီးသြားပါက ႏွစ္စဥ္ လူငယ္လုပ္သား၆၀၀ေက်ာ္ကုိ ေမြးထုတ္ေပးသြားျဖစ္တယ္လုိ႔ အမ်ဳိးသားဒီမုိကေရစီအဖြဲ႔ခ်ဳပ္ ပညာေရးကြန္ရက္ ညွိႏွဳိင္းေရးမွဴး ဦးေနအုပ္ကေျပာပါတယ္။

ဧၿပီလ ၇ ရက္ေန႔က စု အသက္ေမြး၀မ္းေက်ာင္းသိပၸံ ေက်ာင္းတည္ေဆာက္ဖုိ႔အတြက္ လက္မွတ္ေရးထုိး မႈနဲ႔အတူ ေျမသန္႔စင္ ပႏၷက္တင္အခမ္းအနား အျပဳလုပ္ခဲ့တာပါ။

Soundbite ဦးေနအုပ္ (ညွိႏွဳိင္းေရးမွဴး)
အမ်ဳိးသားဒီမုိကေရစီအဖြဲ႔ခ်ဳပ္ ပညာေရးကြန္ရက္

ဒါအျပင္ စု အသက္ေမြး၀မ္းေက်ာင္းသိပၸံ ေက်ာင္း ကုိ ၂၀၁၉ ခုႏွစ္ ဒီဇင္ဘာလအတြင္း ေက်ာင္းေဆာင္တစ္ခုကုိ အၿပီး တည္ေဆာက္သြားမွာျဖစ္ပါတယ္။

ဒီေက်ာင္းကေနတဆင္႕ေတာင္ဒဂုံၿမဳိ႔နယ္က ေလလြင္႔ လူငယ္ေတြနဲ႔ အလုပ္အကုိင္အခြင့္အလမ္းအတြက္ စိတ္ညစ္ေနၾကတဲ႔ လူငယ္ေတြကုိ သင္ၾကားေပးနုိင္ေတာ႔မွာျဖစ္လုိ အလုပ္အကိုင္မရွိတဲ့ လူငယ္ေတြ ေလွ်ာ႔ခ်ႏိုင္မွာျဖစ္တယ္လုိ႔ ဒဂုံၿမဳိသစ္ေတာင္ပုိင္းၿမဳိ႕နယ္က ျပည္သူ႕လႊတ္ေတာ္ကုိယ္စားလွယ္က ေျပာပါတယ္။

Soundbite ဦးညီညီ (ျပည္သူ႕လႊတ္ေတာ္ကုိယ္စားလွယ္)
ဒဂုံၿမဳိသစ္ေတာင္ပုိင္းၿမဳိ႕နယ္

ဒါအျပင္ စု အသက္ေမြး၀မ္းေက်ာင္းသိပၸံ ေက်ာင္းက လူငယ္လုပ္သားေတြကုိ ေမာ္ေတာ္ယာဥ္ ျပဳျပင္ထိန္းသိမ္း ေရးသင္တန္း၊ အုိင္တီ နည္းပညာသင္တန္း၊ Mobile Phone လက္ကုိင္ဖုန္း နည္းပညာ သင္တန္း၊ ဘာသာ စကားသင္တန္း၊ ယာဥ္ေက်းမႈသင္တန္း၊ အထည္ခ်ဳပ္ကၽြမ္းက်င္မႈသင္တန္းေတြကုိအခမဲ႔ သင္ၾကားေပး သြားမွာလည္းျဖစ္ပါတယ္ရွင္။

နှစ်စဉ် လူငယ်လုပ်သား ၆၀ဝ ကျော်ကို မွေးထုတ်ပေးမယ့် စု အသက်မွေးဝမ်းကျောင်းသိပ္ပံ ကျောင်းကို တောင်ဒဂုံမြို့နယ်မှာ ဆောက်လုပ်သွားမှာဖြစ်ပါတယ်။ ဒီသတင်းကို MCN သတင်းထောက်သန္တာမိုးက ပေးပို့ ထားပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပညာရေးကွန်ရက်က ဦးဆောင်ပြီး Korea Myanmar Social Enterprise ရဲ့ထောက်ပံ့မှုနဲ့ စု အသက်မွေးဝမ်းကျောင်းသိပ္ပံ ကျောင်းကို ရန်ကုန်တိုင်းဒေသကြီး တောင်ဒဂုံမြို့နယ် အမှတ်၅၄ရပ်ကွက် ဇေယျာမြိုင်လမ်းတွင် တည်ဆောက်သွားမှာဖြစ်ပါတယ်။

အဲဒီ စု အသက်မွေးဝမ်းကျောင်းသိပ္ပံ ကျောင်း ပြီးစီးသွားပါက နှစ်စဉ် လူငယ်လုပ်သား၆၀ဝကျော်ကို မွေးထုတ်ပေးသွားဖြစ်တယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပညာရေးကွန်ရက် ညှိနှိုင်းရေးမှူး ဦးနေအုပ်ကပြောပါတယ်။

ဧပြီလ ၇ ရက်နေ့က စု အသက်မွေးဝမ်းကျောင်းသိပ္ပံ ကျောင်းတည်ဆောက်ဖို့အတွက် လက်မှတ်ရေးထိုး မှုနဲ့အတူ မြေသန့်စင် ပန္နက်တင်အခမ်းအနား အပြုလုပ်ခဲ့တာပါ။

Soundbite ဦးနေအုပ် (ညှိနှိုင်းရေးမှူး)
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပညာရေးကွန်ရက်

ဒါအပြင် စု အသက်မွေးဝမ်းကျောင်းသိပ္ပံ ကျောင်း ကို ၂၀၁၉ ခုနှစ် ဒီဇင်ဘာလအတွင်း ကျောင်းဆောင်တစ်ခုကို အပြီး တည်ဆောက်သွားမှာဖြစ်ပါတယ်။

ဒီကျောင်းကနေတဆင့်တောင်ဒဂုံမြို့နယ်က လေလွင့် လူငယ်တွေနဲ့ အလုပ်အကိုင်အခွင့်အလမ်းအတွက် စိတ်ညစ်နေကြတဲ့ လူငယ်တွေကို သင်ကြားပေးနိုင်တော့မှာဖြစ်လို အလုပ်အကိုင်မရှိတဲ့ လူငယ်တွေ လျှော့ချနိုင်မှာဖြစ်တယ်လို့ ဒဂုံမြိုသစ်တောင်ပိုင်းမြို့နယ်က ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်က ပြောပါတယ်။

Soundbite ဦးညီညီ (ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်)
ဒဂုံမြိုသစ်တောင်ပိုင်းမြို့နယ်

ဒါအပြင် စု အသက်မွေးဝမ်းကျောင်းသိပ္ပံ ကျောင်းက လူငယ်လုပ်သားတွေကို မော်တော်ယာဉ် ပြုပြင်ထိန်းသိမ်း ရေးသင်တန်း၊ အိုင်တီ နည်းပညာသင်တန်း၊ Mobile Phone လက်ကိုင်ဖုန်း နည်းပညာ သင်တန်း၊ ဘာသာ စကားသင်တန်း၊ ယာဉ်ကျေးမှုသင်တန်း၊ အထည်ချုပ်ကျွမ်းကျင်မှုသင်တန်းတွေကိုအခမဲ့ သင်ကြားပေး သွားမှာလည်းဖြစ်ပါတယ်ရှင်။