ဘဂၤါလီေတြ တိုက္ခိုက္ခံရမႈ ကုလ သတိေပး

0
443

ရခိုင္ျပည္နယ္၊ ဘူးသီးေတာင္ၿမိဳ႕နယ္၊ စိုင္းဒင္ေခ်ာင္းအနီး AA လက္နက္ကိုင္ အဖြဲ႔ကို ရွင္းလင္းရာမွာ ဘဂၤါလီ ေျခာက္ဦး ေသဆံုးတာနဲ႔ ပတ္သက္ၿပီး စစ္ရာဇဝတ္မႈ ေျမာက္ႏိုင္တယ္လို႔ ကုလသမဂၢ ေျပာခြင့္ရသူက သတိေပးလိုက္ပါတယ္။

ဧၿပီလ ၃ ရက္ေန႔မွာ တပ္မေတာ္က ရဟတ္ယာဥ္နဲ႔ တိုက္ခိုက္ခဲ့ရာမွာ သရက္ျပင္၊ ဒျဖဴေခ်ာင္း၊ ကင္းေတာင္၊ ထိပ္တူးေပါက္နဲ႔ ဖုန္ညိဳလိပ္ ေက်းရြာေတြက အစၥလာမ္ဘာသာဝင္ ေျခာက္ဦး ေသဆံုးၿပီး ကိုးဦး ဒဏ္ရာရခဲ့တာ ျဖစ္ပါတယ္။ အရပ္သားေတြကို ဒီလို တိုက္ခိုက္မႈဟာ စစ္ရာဇဝတ္မႈ ေျမာက္ႏိုင္တယ္လို႔ ကုလသမဂၢ ေျပာခြင့္ရသူ ရာဗီတာ ရွမ္ဒါဆာနီက ေျပာပါတယ္။

AA လက္နက္ကိုင္အဖြဲ႔ဟာ ဧၿပီလ ၃ ရက္ေန႔က အင္အား ၁၅၀ နဲ႔ ဝါးခုတ္ေခ်ာင္းေက်းရြာ အေရွ႕ဘက္ စိုင္းဒင္ေခ်ာင္းတစ္ဝိုက္ကို ေရာက္ရွိေၾကာင္း သတင္းအရ သြားေရာက္ ရွင္းလင္းခဲ့ေၾကာင္း၊ AA အဖြဲ႔နဲ႔ အတူရွိေနတဲ့ အစၥလာမ္ ဘာသာဝင္ေတြ ေသဆံုး၊ ဒဏ္ရာရခဲ့တာ ျဖစ္တယ္လို႔ တပ္မေတာ္က သတင္းထုတ္ျပန္ထားပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ဘင်္ဂါလီတွေ တိုက်ခိုက်ခံရမှု ကုလ သတိပေး

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်၊ စိုင်းဒင်ချောင်းအနီး AA လက်နက်ကိုင် အဖွဲ့ကို ရှင်းလင်းရာမှာ ဘင်္ဂါလီ ခြောက်ဦး သေဆုံးတာနဲ့ ပတ်သက်ပြီး စစ်ရာဇဝတ်မှု မြောက်နိုင်တယ်လို့ ကုလသမဂ္ဂ ပြောခွင့်ရသူက သတိပေးလိုက်ပါတယ်။

ဧပြီလ ၃ ရက်နေ့မှာ တပ်မတော်က ရဟတ်ယာဉ်နဲ့ တိုက်ခိုက်ခဲ့ရာမှာ သရက်ပြင်၊ ဒဖြူချောင်း၊ ကင်းတောင်၊ ထိပ်တူးပေါက်နဲ့ ဖုန်ညိုလိပ် ကျေးရွာတွေက အစ္စလာမ်ဘာသာဝင် ခြောက်ဦး သေဆုံးပြီး ကိုးဦး ဒဏ်ရာရခဲ့တာ ဖြစ်ပါတယ်။ အရပ်သားတွေကို ဒီလို တိုက်ခိုက်မှုဟာ စစ်ရာဇဝတ်မှု မြောက်နိုင်တယ်လို့ ကုလသမဂ္ဂ ပြောခွင့်ရသူ ရာဗီတာ ရှမ်ဒါဆာနီက ပြောပါတယ်။

AA လက်နက်ကိုင်အဖွဲ့ဟာ ဧပြီလ ၃ ရက်နေ့က အင်အား ၁၅၀ နဲ့ ဝါးခုတ်ချောင်းကျေးရွာ အရှေ့ဘက် စိုင်းဒင်ချောင်းတစ်ဝိုက်ကို ရောက်ရှိကြောင်း သတင်းအရ သွားရောက် ရှင်းလင်းခဲ့ကြောင်း၊ AA အဖွဲ့နဲ့ အတူရှိနေတဲ့ အစ္စလာမ် ဘာသာဝင်တွေ သေဆုံး၊ ဒဏ်ရာရခဲ့တာ ဖြစ်တယ်လို့ တပ်မတော်က သတင်းထုတ်ပြန်ထားပါတယ်။