အိႏၵိယ ေရတပ္ သုေတသန ေရယာဥ္ ခ်စ္ၾကည္ေရး ခရီးစဥ္ ၿပီးဆံုး

0
169

အိႏၵိယေရတပ္ သုေတသန ေရယာဥ္ INS ဆာဂါဒြါနီ (A 74) ရဲ႕ ျမန္မာႏိုင္ငံ ခ်စ္ၾကည္ေရး ခရီးစဥ္ဟာ ဧၿပီလ ၆ ရက္ေန႔မွာ ၿပီးဆံုးခဲ့ပါတယ္။ သုေတသန ေရယာဥ္ဟာ ႏွစ္ႏိုင္ငံ ခ်စ္ၾကည္ေရး ပိုမိုေကာင္းမြန္ေစဖို႔အတြက္ ဧၿပီလ ၂ ရက္ေန႔ကေန ဧၿပီလ ၆ ရက္ေန႔အထိ သီလဝါဆိပ္ကမ္းမွာ ဆိုက္ကပ္ခဲ့တာ ျဖစ္ပါတယ္။

သုေတသန ေရယာဥ္ INS ဆာဂါဒြါနီဟာ ေရေၾကာင္းဆိုင္ရာ သုေတသန ဓာတ္ခြဲခန္းပါရွိၿပီး အိႏၵိယ ကာကြယ္ေရးဆိုင္ရာ သုေတသနနဲ႔ ဖြံ႔ၿဖိဳးေရး (DRDO) အတြက္ အေရးပါတဲ့ ဓာတ္ခြဲခန္းေတြထဲက တစ္ခု ျဖစ္ပါတယ္။ ဒီသုေတသန ေရယာဥ္ဟာ မုတ္သံုရာသီဥတု၊ ေရထု ညစ္ညမ္းမႈ၊ ေရထုဆိုင္ရာ သယံဇာတေတြ၊ ရာသီဥတု ေျပာင္းလဲမႈ စတဲ့ ပင္လယ္ သမုဒၵရာဆိုင္ရာ ပတ္ဝန္းက်င္ကို ေလ့လာရာမွာ အသံုးျပဳတာ ျဖစ္ပါတယ္။

သုေတသန ေရယာဥ္ကို စစ္ေရယာဥ္မွဴး အႏု ရွာမာက ဦးေဆာင္တဲ့ အရာရွိ၊ စစ္သည္ ၁၁၂ ဦး လိုက္ပါလာပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>
အိန္ဒိယ ရေတပ် သုတေသန ရေယာဉ် ချစ်ကြည်ရေးခရီးစဉ် ပြီးဆုံး

အိန္ဒိယရေတပ် သုတေသန ရေယာဉ် INS ဆာဂါဒွါနီ (A 74) ရဲ့ မြန်မာနိုင်ငံ ချစ်ကြည်ရေး ခရီးစဉ်ဟာ ဧပြီလ ၆ ရက်နေ့မှာ ပြီးဆုံးခဲ့ပါတယ်။ သုတေသန ရေယာဉ်ဟာ နှစ်နိုင်ငံ ချစ်ကြည်ရေး ပိုမိုကောင်းမွန်စေဖို့အတွက် ဧပြီလ ၂ ရက်နေ့ကနေ ဧပြီလ ၆ ရက်နေ့အထိ သီလဝါဆိပ်ကမ်းမှာ ဆိုက်ကပ်ခဲ့တာ ဖြစ်ပါတယ်။

သုတေသန ရေယာဉ် INS ဆာဂါဒွါနီဟာ ရေကြောင်းဆိုင်ရာ သုတေသန ဓာတ်ခွဲခန်းပါရှိပြီး အိန္ဒိယ ကာကွယ်ရေးဆိုင်ရာ သုတေသနနဲ့ ဖွံ့ဖြိုးရေး (DRDO) အတွက် အရေးပါတဲ့ ဓာတ်ခွဲခန်းတွေထဲက တစ်ခု ဖြစ်ပါတယ်။ ဒီသုတေသန ရေယာဉ်ဟာ မုတ်သုံရာသီဥတု၊ ရေထု ညစ်ညမ်းမှု၊ ရေထုဆိုင်ရာ သယံဇာတတွေ၊ ရာသီဥတု ပြောင်းလဲမှု စတဲ့ ပင်လယ် သမုဒ္ဒရာဆိုင်ရာ ပတ်ဝန်းကျင်ကို လေ့လာရာမှာ အသုံးပြုတာ ဖြစ်ပါတယ်။

သုတေသန ရေယာဉ်ကို စစ်ရေယာဉ်မှူး အနု ရှာမာက ဦးဆောင်တဲ့ အရာရှိ၊ စစ်သည် ၁၁၂ ဦး လိုက်ပါလာပါတယ်။