0
107
>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>
Facebook ဟာ ကိုယ်ကျင့်တရား ပျက်ယွင်းနေတယ်လို့ ဝေဖန်
မြန်မာနိုင်ငံမှာ လူမျိုးတုံးသတ်ဖြတ်မှု ဖြစ်ပေါ်စေခဲ့တဲ့ Facebook လူမှုကွန်ရက်ဟာ ကိုယ်ကျင့်တရား ပျက်ယွင်းပြီး လိမ်ညာမှု ရောဂါ စွဲကပ်နေတယ်လို့ နယူးဇီလန် ကိုယ်ရေးကိုယ်တာ လုံခြုံမှုဆိုင်ရာ မဟာမင်းကြီး ဂျွန် အက်ဒ်ဝပ်က ဝေဖန်လိုက်ပါတယ်။
ဒါ့အပြင် Facebook ကုမ္ပဏီဟာ အန္တရာယ်ရှိစေတဲ့ အကြောင်းအရာတွေအတွက် တာဝန်ခံမှု ရှိဖို့ကိုလည်း ငြင်းပယ်တယ်လို့ အက်ဒ်ဝပ်က ပြောပါတယ်။ နယူးဇီလန်နိုင်ငံ၊ ခရစ္စချာ့ချ်မှာ လူ ၅၀ သေဆုံးတဲ့ သေနတ်ပစ်ခတ်မှုမှာ Facebook ကနေ Live လွှင့်ခဲ့တာ အတွက်လည်း ဆောင်ရွက်ဖို့ နှောင့်နှေးခဲ့တဲ့အတွက် နယူးဇီလန်ဟာ ဥပဒေပြုဖို့ ခက်ခဲခဲ့ကြောင်းလည်း သူက ပြောပါတယ်။
ရွေးကောက်ပွဲတွေမှာ ရုရှားက ဝင်ရောက် နှောက်ယှက်တာ၊ မြန်မာနိုင်ငံမှာ ဘင်္ဂါလီ မွတ်စလင်တွေကို ပစ်မှတ်ထားဖို့ အသုံးပြုမှုတွေအတွက် Facebook ကို အသုံးချခဲ့ပေမယ့် Facebook ဟာ တာဝန်ခံမှု မရှိခဲ့ကြောင်းလည်း မစ္စတာ အက်ဒ်ဝပ်က ထောက်ပြခဲ့ပါတယ်။