
0
2735




>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ပတ်ဝန်းကျင် ညစ်ညမ်းမှု အမြင့်ဆုံး နိုင်ငံတွေထဲမှာ မြန်မာနိုင်ငံက ဒုတိယနေရာရှိ

ပတ်ဝန်းကျင် ညစ်ညမ်းမှု အမြင့်ဆုံး နိုင်ငံတွေထဲမှာ မြန်မာနိုင်ငံက Pollution Index ၉၂ ဒသမ ၂၅ နဲ့ ဒုတိယ နေရာမှာ ရှိနေပါတယ်။ ပတ်ဝန်းကျင် ညစ်ညမ်းမှု အမြင့်ဆုံး အဆင့် ၁ နိုင်ငံကတော့ မွန်ဂိုလီးယား ဖြစ်ပါတယ်။

ကမ္ဘာပေါ်မှာ ပတ်ဝန်းကျင် ညစ်ညမ်းမှု အမြင့်ဆုံး ၁၀ နိုင်ငံကတော့ မွန်ဂိုလီးယား၊ မြန်မာ၊ အာဖဂန်နစ္စတန်၊ ဘင်္ဂလားဒေ့ရှ်၊ လက်ဘနွန်၊ နိုင်ဂျီးရီးယား၊ ဗီယက်နမ်၊ အီဂျစ်၊ နီပေါနဲ့ မိုနာကိုနိုင်ငံတို့ ဖြစ်ပါတယ်။ ပတ်ဝန်းကျင် ညစ်ညမ်းမှု အနည်းဆုံး နိုင်ငံကတော့ ဖင်လန် ဖြစ်ပါတယ်။

ဒီ ပတ်ဝန်းကျင် ညစ်ညမ်းမှု အမြင့်ဆုံး အညွှန်း ၂၀၁၉ ကို Numbeo က ထုတ်ပြန်တာ ဖြစ်ပါတယ်။ Numbeo ဟာ အွန်လိုင်း database ဝက်ဘ်ဆိုက်ဖြစ်ပြီး Google ဆော့ဖ်ဝဲလ် အင်ဂျင်နီယာဟောင်း တစ်ဦးဖြစ်တဲ့ မလာဒင် အဒမ်မိုဗစ်က ၂၀ဝ၉ ခုနှစ် ဧပြီလမှာ ထူထောင်ခဲ့တာ ဖြစ်ပါတယ်။ ကမ္ဘာကျော် သတင်းဌာနတွေက Numbeo ကနေ အကိုးအကား အချက်အလက် နှိုင်းယှဉ်ချက်တွေ ရယူလေ့ ရှိကြပါတယ်။