ေဒါက္တာ လဲ့လဲ့ေမာ္နဲ႔ GGS ကုမၸဏီက သံုးဦးကို အမႈေလးမႈနဲ႔ တရားစြဲတင္

0
309

တနသၤာရီတိုင္းေဒသႀကီး ဝန္ႀကီးခ်ဳပ္ေဟာင္း ေဒါက္တာ လဲ့လဲ့ေမာ္ အပါအဝင္ GGS ကုမၸဏီက သံုးဦးကို အမႈေလးမႈနဲ႔ တရားစြဲတင္ခဲ့ပါတယ္။

မတ္လ ၂၅ ရက္ေန႔က တနသၤာရီတိုင္း တရားလႊတ္ေတာ္မွာ အမႈေလးမႈနဲ႔ တရားစြဲတင္ခဲ့တာ ျဖစ္ပါတယ္။ ဧၿပီလ ၄ ရက္ေန႔ ႐ံုးခ်ိန္းမွာ တရားလိုကို စတင္စစ္ေဆးဖို႔ တိုင္းတရားလႊတ္ေတာ္ တရားသူႀကီးက ခ်ိန္းဆိုခဲ့ပါတယ္။

အဂတိလိုက္စားမႈနဲ႔ ထားဝယ္ အက်ဥ္းေထာင္အတြင္း ဖမ္းဆီးထားတဲ့ ေဒါက္တာ လဲ့လဲ့ေမာ္ အပါအဝင္ GGS ကုမၸဏီက သံုးဦးကို တိုင္းတရား လႊတ္ေတာ္မွာ ပထမအႀကိမ္ ႐ံုးထုတ္ခဲ့တာျဖစ္ၿပီး ေကာ္မရွင္ စံုစမ္းစစ္ေဆးေရးမွဴး ဦးသန္းေဇာ္ဝင္းက တရားလိုျပဳလုပ္ၿပီး တရားစြဲတင္ခဲ့တာ ျဖစ္ပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ဒေါက်တာ လဲ့လဲ့မော်နဲ့ GGS ကုမ္ပဏီက သုံးဦးကို အမှုလေးမှုနဲ့ တရားစွဲတင်

တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဟောင်း ဒေါက်တာ လဲ့လဲ့မော် အပါအဝင် GGS ကုမ္ပဏီက သုံးဦးကို အမှုလေးမှုနဲ့ တရားစွဲတင်ခဲ့ပါတယ်။

မတ်လ ၂၅ ရက်နေ့က တနင်္သာရီတိုင်း တရားလွှတ်တော်မှာ အမှုလေးမှုနဲ့ တရားစွဲတင်ခဲ့တာ ဖြစ်ပါတယ်။ ဧပြီလ ၄ ရက်နေ့ ရုံးချိန်းမှာ တရားလိုကို စတင်စစ်ဆေးဖို့ တိုင်းတရားလွှတ်တော် တရားသူကြီးက ချိန်းဆိုခဲ့ပါတယ်။

အဂတိလိုက်စားမှုနဲ့ ထားဝယ် အကျဉ်းထောင်အတွင်း ဖမ်းဆီးထားတဲ့ ဒေါက်တာ လဲ့လဲ့မော် အပါအဝင် GGS ကုမ္ပဏီက သုံးဦးကို တိုင်းတရား လွှတ်တော်မှာ ပထမအကြိမ် ရုံးထုတ်ခဲ့တာဖြစ်ပြီး ကော်မရှင် စုံစမ်းစစ်ဆေးရေးမှူး ဦးသန်းဇော်ဝင်းက တရားလိုပြုလုပ်ပြီး တရားစွဲတင်ခဲ့တာ ဖြစ်ပါတယ်။