ေအာက္တိုဘာလအတြင္း ေလာင္းကစားဖမ္းမိမႈ ခ်ဲထီမႈ အမ်ားဆံုးျဖစ္

0
401

၂၀၁၇ ခုႏွစ္ ေအာက္တိုဘာလအတြင္း တိုင္းနဲ႔ ျပည္နယ္ အလိုက္ ေလာင္းကစား ဖမ္းဆီးရမိမႈမွာ ခ်ဲထီ ေလာင္းကစား ဖမ္းမိမႈက အမ်ားဆံုးျဖစ္ၿပီး စုစုေပါင္း ၉၈ မႈနဲ႔ ဖမ္းမိသူ ၁၀၇ ဦး ရွိပါတယ္။

ဒုတိယ အမ်ားဆံုး ေလာင္းကစားမႈက ဖဲဝိုင္း ဖမ္းမိမႈျဖစ္ၿပီး ၅၈ မႈနဲ႔ ဖမ္းဆီးခံရသူ ၃၀၁ ဦး ရွိတယ္လို႔ ျမန္မာႏိုင္ငံ ရဲတပ္ဖြဲ႔က သတင္းထုတ္ျပန္ထားပါတယ္။ ေလာင္းကစား ဖမ္းမိမႈ အမ်ားဆံုးကေတာ့ ရန္ကုန္တိုင္းျဖစ္ၿပီး ၁၁၅ မႈ၊ ဒုတိယ အမ်ားဆံုးက ပဲခူးတိုင္းျဖစ္ၿပီး ၃၄ မႈနဲ႔ တတိယအမ်ားဆံုးက မႏၱေလးတိုင္း ၂၉ မႈ ျဖစ္ပါတယ္။

ေလာင္းကစား ဖမ္းမိမႈ အနည္းဆံုး ေဒသေတြကေတာ့ ကခ်င္ျပည္နယ္၊ ကရင္ျပည္နယ္၊ ရွမ္းျပည္နယ္တို႔ ျဖစ္ပါတယ္။
…………………. ။ ။ …………………

အောက်တိုဘာလအတွင်း လောင်းကစားဖမ်းမိမှု ချဲထီမှု အများဆုံးဖြစ်

၂၀၁၇ ခုနှစ် အောက်တိုဘာလအတွင်း တိုင်းနဲ့ ပြည်နယ် အလိုက် လောင်းကစား ဖမ်းဆီးရမိမှုမှာ ချဲထီ လောင်းကစား ဖမ်းမိမှုက အများဆုံးဖြစ်ပြီး စုစုပေါင်း ၉၈ မှုနဲ့ ဖမ်းမိသူ ၁၀၇ ဦး ရှိပါတယ်။

ဒုတိယ အများဆုံး လောင်းကစားမှုက ဖဲဝိုင်း ဖမ်းမိမှုဖြစ်ပြီး ၅၈ မှုနဲ့ ဖမ်းဆီးခံရသူ ၃၀၁ ဦး ရှိတယ်လို့ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။ လောင်းကစား ဖမ်းမိမှု အများဆုံးကတော့ ရန်ကုန်တိုင်းဖြစ်ပြီး ၁၁၅ မှု၊ ဒုတိယ အများဆုံးက ပဲခူးတိုင်းဖြစ်ပြီး ၃၄ မှုနဲ့ တတိယအများဆုံးက မန္တလေးတိုင်း ၂၉ မှု ဖြစ်ပါတယ်။

လောင်းကစား ဖမ်းမိမှု အနည်းဆုံး ဒေသတွေကတော့ ကချင်ပြည်နယ်၊ ကရင်ပြည်နယ်၊ ရှမ်းပြည်နယ်တို့ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)