တ႐ုတ္ရဲ႕ Belt and Road Initiative ကို ႀကိဳဆိုတယ္လို႔ ေဒၚေအာင္ဆန္းစုၾကည္ ေျပာ

0
346

ပိုမိုေကာင္းမြန္တဲ့ ေပါင္းစပ္ ဆက္သြယ္မႈတစ္ရပ္ကို ေဖာ္ေဆာင္ရာမွာ တ႐ုတ္ သမၼတ ရွီက်င့္ဖ်င္ အဆိုျပဳခဲ့တဲ့ Belt and Road Initiative ကို ႀကိဳဆိုတယ္လို႔ ႏိုင္ငံေတာ္၏ အတိုင္ပင္ခံ ပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္က ေျပာပါတယ္။

အဲဒီ အစီအမံဟာ ကမာၻ႔ႏိုင္ငံေတြအၾကား ေပါင္းစပ္ဆက္သြယ္ရာမွာ အဓိက ေဘာင္တစ္ရပ္အျဖစ္ ေဖာ္ေဆာင္သြားမယ္လို႔ ယံုၾကည္ေၾကာင္းလည္း ဗီယက္ႏိုင္ငံကို ေအပက္ အစည္းအေဝးပြဲတက္ဖို႔ ေရာက္ရွိေနတဲ့ ေဒၚေအာင္ဆန္းစုၾကည္က ေျပာပါတယ္။

ပိုမိုေပါင္းစည္းၿပီး တည္ၿငိမ္မႈ ျမင့္မားတဲ့ စီးပြားေရးကို ေဖာ္ေဆာင္မယ့္ အာဆီယံ အသိုက္အဝန္းကို ထူေထာင္လ်က္ရွိရာ လတ္တေလာ ကမာၻ႔စီးပြားေရး မတည္ၿငိမ္မႈေတြကို ႀကံ့ႀကံ့ခံ ရပ္တည္ေဆာင္ရြက္သြားဖို႔ လိုအပ္မယ္လို႔လည္း ေဒၚေအာင္ဆန္းစုၾကည္က ႏိုဝင္ဘာ ၁၀ ရက္ေန႔ အာဆီယံနဲ႔ ေအပက္ ေခါင္းေဆာင္မ်ားရဲ႕ အလြတ္သေဘာ ေဆြးေႏြးပြဲ မိန္႔ခြန္းမွာ ေျပာၾကားသြားပါတယ္။
………………….. ။ ။ ………………….

တရုတ်ရဲ့ Belt and Road Initiative ကို ကြိုဆိုတယ်လို့ ဒေါ်အောင်ဆန်းစုကြည် ပြော

ပိုမိုကောင်းမွန်တဲ့ ပေါင်းစပ် ဆက်သွယ်မှုတစ်ရပ်ကို ဖော်ဆောင်ရာမှာ တရုတ် သမ္မတ ရှီကျင့်ဖျင် အဆိုပြုခဲ့တဲ့ Belt and Road Initiative ကို ကြိုဆိုတယ်လို့ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

အဲဒီ အစီအမံဟာ ကမ္ဘာ့နိုင်ငံတွေအကြား ပေါင်းစပ်ဆက်သွယ်ရာမှာ အဓိက ဘောင်တစ်ရပ်အဖြစ် ဖော်ဆောင်သွားမယ်လို့ ယုံကြည်ကြောင်းလည်း ဗီယက်နိုင်ငံကို အေပက် အစည်းအဝေးပွဲတက်ဖို့ ရောက်ရှိနေတဲ့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

ပိုမိုပေါင်းစည်းပြီး တည်ငြိမ်မှု မြင့်မားတဲ့ စီးပွားရေးကို ဖော်ဆောင်မယ့် အာဆီယံ အသိုက်အဝန်းကို ထူထောင်လျက်ရှိရာ လတ်တလော ကမ္ဘာ့စီးပွားရေး မတည်ငြိမ်မှုတွေကို ကြံ့ကြံ့ခံ ရပ်တည်ဆောင်ရွက်သွားဖို့ လိုအပ်မယ်လို့လည်း ဒေါ်အောင်ဆန်းစုကြည်က နိုဝင်ဘာ ၁၀ ရက်နေ့ အာဆီယံနဲ့ အေပက် ခေါင်းဆောင်များရဲ့ အလွတ်သဘော ဆွေးနွေးပွဲ မိန့်ခွန်းမှာ ပြောကြားသွားပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)