ရခိုင္ျပည္နယ္အေရး ေဒၚေအာင္ဆန္းစုၾကည္နဲ႔ ကေနဒါ ဝန္ႀကီးခ်ဳပ္ ေဆြးေႏြး

0
379

ဗီယက္နမ္ႏိုင္ငံ၊ ဒါနန္းၿမိဳ႕မွာ ေအပက္အစည္းအေဝး တက္ဖို႔ ေရာက္ရွိေနၾကတဲ့ ႏိုင္ငံေတာ္၏ အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္နဲ႔ ကေနဒါ ဝန္ႀကီးခ်ဳပ္ မစၥတာ က်က္စတင္ ထ႐ူးဒိုတို႔ ေတြ႔ဆံုၿပီး ရခိုင္ျပည္နယ္ အေရး ေဆြးေႏြးခဲ့ၾကပါတယ္။

မေန႔က ႏိုဝင္ဘာ ၁၀ ရက္ေန႔မွာ ေတြ႔ဆံုခဲ့ၾကတာ ျဖစ္ၿပီး ရခိုင္ျပည္နယ္အတြင္း လူသားခ်င္း စာနာေထာက္ထားမႈ အကူအညီေပးေရး၊ ျပန္လည္ထူေထာင္ေရးနဲ႔ ေနရာခ်ထားေရး၊ ႏိုင္ငံသား စိစစ္ေရး၊ ရခိုင္ေဒသမွာ က်န္းမာေရး၊ ပညာေရး၊ ဖြံ႔ၿဖိဳးတိုးတက္ေရးတို႔ကို ေဆြးေႏြးခဲ့ၾကပါတယ္။

ေဒၚေအာင္ဆန္းစုၾကည္နဲ႔ မစၥတာ ဂ်က္စတင္ ထ႐ူးဒိုတို႔ ၿပီးခဲ့တဲ့ ဇြန္လက ကေနဒါႏိုင္ငံမွာ ေတြ႔ဆံုခဲ့ၾကၿပီး အခု ဒုတိယအႀကိမ္ ေတြ႔ဆံုၾကတာ ျဖစ္ပါတယ္။
…………………… ။ ။ ……………………..
ရခိုင်ပြည်နယ်အရေး ဒေါ်အောင်ဆန်းစုကြည်နဲ့ ကနေဒါ ဝန်ကြီးချုပ် ဆွေးနွေး

ဗီယက်နမ်နိုင်ငံ၊ ဒါနန်းမြို့မှာ အေပက်အစည်းအဝေး တက်ဖို့ ရောက်ရှိနေကြတဲ့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ ကနေဒါ ဝန်ကြီးချုပ် မစ္စတာ ကျက်စတင် ထရူးဒိုတို့ တွေ့ဆုံပြီး ရခိုင်ပြည်နယ် အရေး ဆွေးနွေးခဲ့ကြပါတယ်။

မနေ့က နိုဝင်ဘာ ၁၀ ရက်နေ့မှာ တွေ့ဆုံခဲ့ကြတာ ဖြစ်ပြီး ရခိုင်ပြည်နယ်အတွင်း လူသားချင်း စာနာထောက်ထားမှု အကူအညီပေးရေး၊ ပြန်လည်ထူထောင်ရေးနဲ့ နေရာချထားရေး၊ နိုင်ငံသား စိစစ်ရေး၊ ရခိုင်ဒေသမှာ ကျန်းမာရေး၊ ပညာရေး၊ ဖွံ့ဖြိုးတိုးတက်ရေးတို့ကို ဆွေးနွေးခဲ့ကြပါတယ်။

ဒေါ်အောင်ဆန်းစုကြည်နဲ့ မစ္စတာ ဂျက်စတင် ထရူးဒိုတို့ ပြီးခဲ့တဲ့ ဇွန်လက ကနေဒါနိုင်ငံမှာ တွေ့ဆုံခဲ့ကြပြီး အခု ဒုတိယအကြိမ် တွေ့ဆုံကြတာ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)