
0
296



……………………. ။ ။ …………………….

နေရပ်ပြန်လိုသူ မွတ်စလင် ၁၄၀ ကျော်ကို ပြန်လည် ပို့ဆောင်

ရခိုင်ပြည်နယ် အကြမ်းဖက် တိုက်ခိုက်မှုကြောင့် နေရပ်စွန့်ခွာပြီး တခြားကျေးရွာတွေမှာ ရောက်ရှိနေထိုင်ကြတဲ့ မွတ်စလင် ၁၄၁ ဦးဟာ နေရပ်ပြန်လိုတဲ့အတွက် တာဝန်ရှိသူတွေက ပြန်လည် ပို့ဆောင်ပေးနေပါတယ်။

အောက်တိုဘာ ၂၄ ရက်နေ့မှာ ကျွန်းပေါက်ကျေးရွာနဲ့ ဂုပ္ပိကျေးရွာတို့က မွတ်စလင် ၁၁၉ ဦး၊ နိုဝင်ဘာ ၁ ရက်နေ့မှာ ငါးရံ့ချောင်းကျေးရွာက ၁၈ ဦး၊ ဆူးတောင်ကျေးရွာက ၃ ဦး၊ ဘိုကြီးချောင်းကျေးရွာက ၁ ဦးတို့ကို ပြန်လည် ပို့ဆောင်ပေးခဲ့တာ ဖြစ်ပါတယ်။

မူလနေထိုင်ရာ ကျေးရွာတွေကို ပြန်လည်ပို့ဆောင် နေရာချထားပေးခဲ့ပြီး စားနပ်ရိက္ခာနဲ့ လူသားချင်း စာနာထောက်ထားမှု အကူအညီတွေ ပေးအပ်ခဲ့ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)