စိန္ေခၚမႈေတြကို ထိေရာက္စြာ ပူးေပါင္း အေျဖရွာ ေဆာင္ရြက္မယ္လို႔ ေဒၚေအာင္ဆန္းစုၾကည္ ေျပာ

0
366

မိမိတို႔အေနနဲ႔ လတ္တေလာ ရင္ဆိုင္ေနရတဲ့ စိန္ေခၚမႈေတြကို ထိေရာက္စြာ ပူးေပါင္းအေျဖရွာ ေဆာင္ရြက္သြားဖို႔နဲ႔ ပိုမိုေကာင္းမြန္တဲ့ ေပါင္းစပ္ဆက္သြယ္ေရး ျဖစ္ထြန္းေစမယ့္ တြန္းအားသစ္တစ္ရပ္ကို ေဖာ္ေဆာင္သြားဖို႔ လိုတယ္လို႔ ႏိုင္ငံေတာ္၏ အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္က ေျပာပါတယ္။

ႏိုင္ငံေတာ္၏ အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္က ဗီယက္နမ္ ႏိုင္ငံမွာ မေန႔က ႏိုဝင္ဘာ ၁၀ ရက္မွာ က်င္းပတဲ့ အာဆီယံနဲ႔ ေအပက္ ေခါင္းေဆာင္မ်ားရဲ႕ အလြတ္သေဘာ ေဆြးေႏြးပြဲ မိန္႔ခြန္းမွာ ေျပာၾကားသြားတာ ျဖစ္ပါတယ္။

အာရွနဲ႔ ပစိဖိတ္ေဒသဟာ သမား႐ိုးက်မဟုတ္တဲ့ စိန္ေခၚမႈေတြ ျဖစ္တဲ့ အၾကမ္းဖက္မႈ၊ အစြန္းေရာက္မႈ၊ နယ္စပ္ျဖတ္ေက်ာ္မႈခင္း၊ လူကုန္ကူးမႈ၊ ကမာၻ႔ရာသီဥတု ေျပာင္းလဲမႈ၊ သဘာဝ ေဘးအႏၱရာယ္တို႔နဲ႔ ရင္ဆိုင္ေနရၿပီး အဲဒီ စိန္ေခၚမႈေတြကို အတူလက္တြဲ အေျဖရွာ ေဆာင္ရြက္သြားႏိုင္မယ္လို႔ ယံုၾကည္ေၾကာင္းလည္း ေျပာၾကားပါတယ္။
………………… ။ ။ …………………..

စိန်ခေါ်မှုတွေကို ထိရောက်စွာ ပူးပေါင်း အဖြေရှာ ဆောင်ရွက်မယ်လို့ ဒေါ်အောင်ဆန်းစုကြည် ပြော

မိမိတို့အနေနဲ့ လတ်တလော ရင်ဆိုင်နေရတဲ့ စိန်ခေါ်မှုတွေကို ထိရောက်စွာ ပူးပေါင်းအဖြေရှာ ဆောင်ရွက်သွားဖို့နဲ့ ပိုမိုကောင်းမွန်တဲ့ ပေါင်းစပ်ဆက်သွယ်ရေး ဖြစ်ထွန်းစေမယ့် တွန်းအားသစ်တစ်ရပ်ကို ဖော်ဆောင်သွားဖို့ လိုတယ်လို့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ဗီယက်နမ် နိုင်ငံမှာ မနေ့က နိုဝင်ဘာ ၁၀ ရက်မှာ ကျင်းပတဲ့ အာဆီယံနဲ့ အေပက် ခေါင်းဆောင်များရဲ့ အလွတ်သဘော ဆွေးနွေးပွဲ မိန့်ခွန်းမှာ ပြောကြားသွားတာ ဖြစ်ပါတယ်။

အာရှနဲ့ ပစိဖိတ်ဒေသဟာ သမားရိုးကျမဟုတ်တဲ့ စိန်ခေါ်မှုတွေ ဖြစ်တဲ့ အကြမ်းဖက်မှု၊ အစွန်းရောက်မှု၊ နယ်စပ်ဖြတ်ကျော်မှုခင်း၊ လူကုန်ကူးမှု၊ ကမ္ဘာ့ရာသီဥတု ပြောင်းလဲမှု၊ သဘာဝ ဘေးအန္တရာယ်တို့နဲ့ ရင်ဆိုင်နေရပြီး အဲဒီ စိန်ခေါ်မှုတွေကို အတူလက်တွဲ အဖြေရှာ ဆောင်ရွက်သွားနိုင်မယ်လို့ ယုံကြည်ကြောင်းလည်း ပြောကြားပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)