
0
797





>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ရန်ကုန်မြို့ ကမ်းနားလမ်းမှာ ကွန်တိန်နာယာဉ်တွေ ဆန္ဒပြ

ရန်ကုန်မြို့ရှိ ကမ်းနားလမ်းမှာ သတ်မှတ်ချိန်အတွင်း မောင်းနှင်ခြင်းမရှိတဲ့ ကွန်တိန်နာယာဉ်တွေကို ယာဉ်ထိန်းရဲတပ်ဖွဲ့က တားဆီးခဲ့တာကြောင့် ကွန်တိန်နာယာဉ်တွေ လမ်းပေါ်မှာ ရပ်တန့်ပြီး ဆန္ဒပြခဲ့ကြပါတယ်။

ညဘက် ယာဉ်တွေ သွားလာခွင့်ပြုထားပေမယ့် ညဘက်မှာ ငါးဈေးကြောင့် လမ်းပိတ်တာ၊ ဆိပ်ကမ်း အဝင်အထွက် ကျပ်နေတဲ့အတွက် အခက်အခဲတွေ ဖြစ်တာကြောင့် အခက်အခဲတွေ ဖြေရှင်းပေးဖို့ ဆန္ဒထုတ်ဖော်ကြတာ ဖြစ်ပါတယ်။

ကွန်တိန်နာယာဉ်တွေ မောင်းနှင်ရမယ့် အချိန်ကို ည ၉ နာရီကနေ မနက် ၆ နာရီအထိ ခွင့်ပြုထားပြီး ရန်ကုန် တိုင်းဒေသကြီး အစိုးရရဲ့ ချမှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေအတိုင်း လိုက်နာဆောင်ရွက်ခြင်း မရှိပါက စည်းကမ်းမလိုက်နာတဲ့ ယာဉ်တွေကို ဖမ်းဆီးအရေးယူ ဆောင်ရွက်နေတာ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)