ျမန္မာနဲ႔ ကေမာၻဒီးယားကို ဂ်ပန္ ဆက္လက္ ေထာက္ခံ

0
1311

လူ႔အခြင့္အေရး ခ်ိဳးေဖာက္မႈေတြနဲ႔ ပတ္သက္လို႔ အေမရိကန္နဲ႔ ဥေရာပ သမဂၢက ျမန္မာႏိုင္ငံနဲ႔ ကေမာၻဒီးယားႏိုင္ငံကို ေဝဖန္မႈေတြ၊ အေရးယူမႈေတြ ရွိေပမယ့္ ဂ်ပန္ႏိုင္ငံကေတာ့ ဆက္လက္ ေထာက္ခံေနဆဲ ျဖစ္ပါတယ္။

ဘာေၾကာင့္ ဒီႏွစ္ႏိုင္ငံကို ဆက္လက္ေထာက္ခံဖို႔ ေရြးခ်ယ္ရသလဲဆိုတာကေတာ့ ေဒသတြင္းမွာ တ႐ုတ္ႏိုင္ငံရဲ႕ စီးပြားေရး အင္အား ႀကီးထြားၿပီး လႊမ္းမိုးမႈကို ဝင္ေရာက္ ထိန္းညွိႏိုင္ဖို႔ ျဖစ္တယ္လို႔ နစ္ကီ ေအးရွန္း ရီဗ်ဴးက သံုးသပ္ထားပါတယ္။

ျမန္မာႏိုင္ငံမွာ ရွမ္းျပည္နယ္၊ ကခ်င္ျပည္နယ္နဲ႔ ရခိုင္ျပည္နယ္ ေျမာက္ပိုင္း အေရးေတြနဲ႔ ပတ္သက္လို႔ အေမရိကန္နဲ႔ ဥေရာပ သမဂၢက ဖိအားေပးမႈေတြ ရွိေနၿပီး ပစ္မွတ္ထား ပိတ္ဆို႔မႈေတြ၊ ဥေရာပ သမဂၢရဲ႕ ကုန္သြယ္ေရး အထူးအခြင့္အေရး ႐ုပ္သိမ္းဖို႔ စဥ္းစားမႈေတြ ရွိေနပါတယ္။ ကေမာၻဒီးယားႏိုင္ငံမွာေတာ့ အတိုက္အခံပါတီကို ဖ်က္သိမ္းၿပီး ေရြးေကာက္ပြဲ အႏိုင္ရေအာင္ လုပ္မႈနဲ႔ ပတ္သက္လို႔ ဥေရာပ သမဂၢက ကုန္သြယ္ေရး အထူးအခြင့္အေရးကို ႐ုပ္သိမ္းခဲ့ၿပီး ျဖစ္ပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

မြန်မာနဲ့ ကမ္ဘောဒီးယားကို ဂျပန် ဆက်လက် ထောက်ခံ

လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ ပတ်သက်လို့ အမေရိကန်နဲ့ ဥရောပ သမဂ္ဂက မြန်မာနိုင်ငံနဲ့ ကမ္ဘောဒီးယားနိုင်ငံကို ဝေဖန်မှုတွေ၊ အရေးယူမှုတွေ ရှိပေမယ့် ဂျပန်နိုင်ငံကတော့ ဆက်လက် ထောက်ခံနေဆဲ ဖြစ်ပါတယ်။

ဘာကြောင့် ဒီနှစ်နိုင်ငံကို ဆက်လက်ထောက်ခံဖို့ ရွေးချယ်ရသလဲဆိုတာကတော့ ဒေသတွင်းမှာ တရုတ်နိုင်ငံရဲ့ စီးပွားရေး အင်အား ကြီးထွားပြီး လွှမ်းမိုးမှုကို ဝင်ရောက် ထိန်းညှိနိုင်ဖို့ ဖြစ်တယ်လို့ နစ်ကီ အေးရှန်း ရီဗျူးက သုံးသပ်ထားပါတယ်။

မြန်မာနိုင်ငံမှာ ရှမ်းပြည်နယ်၊ ကချင်ပြည်နယ်နဲ့ ရခိုင်ပြည်နယ် မြောက်ပိုင်း အရေးတွေနဲ့ ပတ်သက်လို့ အမေရိကန်နဲ့ ဥရောပ သမဂ္ဂက ဖိအားပေးမှုတွေ ရှိနေပြီး ပစ်မှတ်ထား ပိတ်ဆို့မှုတွေ၊ ဥရောပ သမဂ္ဂရဲ့ ကုန်သွယ်ရေး အထူးအခွင့်အရေး ရုပ်သိမ်းဖို့ စဉ်းစားမှုတွေ ရှိနေပါတယ်။ ကမ္ဘောဒီးယားနိုင်ငံမှာတော့ အတိုက်အခံပါတီကို ဖျက်သိမ်းပြီး ရွေးကောက်ပွဲ အနိုင်ရအောင် လုပ်မှုနဲ့ ပတ်သက်လို့ ဥရောပ သမဂ္ဂက ကုန်သွယ်ရေး အထူးအခွင့်အရေးကို ရုပ်သိမ်းခဲ့ပြီး ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)