ၿပီးခဲ့တဲ့ႏွစ္အတြင္း အလုပ္သမားေတြရဲ႕ နစ္နာေၾကး ေငြက်ပ္ သိန္း ၅၅၀၀ ေက်ာ္ ရရွိ (႐ုပ္/သံ)

0
1019

ၿပီးခဲ့တဲ့ႏွစ္အတြင္း လိုက္ပါေျဖရွင္းရတ့ဲ အမႈေတြထဲက အလုပ္သမားဥပေဒအရ ရသင့္ရထိုက္တ့ဲ နစ္နာေၾကး ေငြက်ပ္သိန္း ၅၅၀၀ ေက်ာ္ ရရွိခ့ဲတယ္လို႔ တို႔မ်ိဳးဆက္ကြန္ယက္က ေျပာပါတယ္။

တို႔မ်ိဳးဆက္ကြန္ယက္ရဲ႕ ၂၀၁၆ ခုႏွစ္ ဇြန္လကေန ၂၀၁၇ ခုႏွစ္ ဒီဇင္ဘာလကာလအတြင္း လုပ္ခလစာ၊ အခ်ိန္ပိုေၾကး၊ အလုပ္ပိတ္ရက္၊ ခြင့္နဲ႕အလုပ္အကိုင္စာခ်ဴပ္(EC) စာခ်ဴပ္စတာေတြနဲ႔ ပတ္သက္လို႔ ေျဖရွင္းခ့ဲတ့ဲ့ အမႈေပါင္း ၁၆၈ မႈကေန အလုပ္သမားေတြ ရသင့္ရထိုက္တ့ဲ နစ္နာေၾကး သိန္း ၅၅၀၀ ေက်ာ္ ေလ်ာ္ေၾကးေငြ ရရွိတယ္လို႔ တို႔မ်ိဳးဆက္ကြန္ယက္ ဒါ႐ုိက္တာ ဦးနႏၵစစ္ေအာင္က ေျပာပါတယ္။ ဒီသတင္းကိုေတာ့ MCN သတင္းေထာက္စိုင္းဟန္က ေပးပို႔ထားပါတယ္။

Soundbites -ဦးနႏၵစစ္ေအာင္ (ဒါ႐ုိက္တာ) WE Generation Network (တို႔မ်ိဳးဆက္ကြန္ယက္)

ဒါ့အျပင္ အလုပ္သမားအေရးကိစၥေတြမွာ အလုပ္သမားဥပေဒအရ တိက်တ့ဲ ဥပေဒရွိၿပီးသားျဖစ္ေပမယ့္ အလုပ္ရွင္ဘက္က လိုက္နာမႈ အားနည္းတ့ဲအေပၚ အစိုးရအေနနဲ႕ တရားဥပေဒစိုးမိုးေရးကို အဓိကထား ကိုင္တြယ္ေျဖရွင္းသင့္တယ္လို႔ ဦးနႏၵစစ္ေအာင္က ေျပာပါတယ္။

Soundbites -ဦးနႏၵစစ္ေအာင္ (ဒါ႐ုိက္တာ) WE Generation Network (တို႔မ်ိဳးဆက္ကြန္ယက္)

အလုပ္ရွင္၊ အလုပ္သမား အျငင္းပြားမႈအမ်ားဆုံးျဖစ္တ့ဲ လုပ္ငန္းနယ္ပယ္က အထည္ခ်ဴပ္လုပ္ငန္းျဖစ္ၿပီး အလုပ္သမားေတြအေနနဲ႔ အမႈရင္ဆိုင္ေျဖရွင္းရတ့ဲကာလအေနနဲ႔ အနည္းဆုံးတစ္ပတ္ကေန အမ်ားဆုံး ၅ လအထိ ၾကာျမင့္တယ္လို႔ တို႔မ်ိဳးဆက္ကြန္ယက္ရဲ႕ အစီရင္ခံစာထဲမွာ ေဖာ္ျပထားပါတယ္ ခင္ဗ်ာ။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ပြီးခဲ့တဲ့နှစ်အတွင်း အလုပ်သမားတွေရဲ့ နစ်နာကြေး ငွေကျပ်သိန်း ၅၅၀ဝ ကျော်ရရှိ

ပြီးခဲ့တဲ့နှစ်အတွင်း လိုက်ပါဖြေရှင်းရတဲ့ အမှုတွေထဲက အလုပ်သမားဥပဒေအရ ရသင့်ရထိုက်တဲ့ နစ်နာကြေး ငွေကျပ်သိန်း ၅၅၀ဝ ကျော် ရရှိခဲ့တယ်လို့ တို့မျိုးဆက်ကွန်ယက်က ပြောပါတယ်။

တို့မျိုးဆက်ကွန်ယက်ရဲ့ ၂၀၁၆ ခုနှစ် ဇွန်လကနေ ၂၀၁၇ ခုနှစ် ဒီဇင်ဘာလကာလအတွင်း လုပ်ခလစာ၊ အချိန်ပိုကြေး၊ အလုပ်ပိတ်ရက်၊ ခွင့်နဲ့အလုပ်အကိုင်စာချူပ်(EC) စာချူပ်စတာတွေနဲ့ ပတ်သက်လို့ ဖြေရှင်းခဲ့တဲ့့ အမှုပေါင်း ၁၆၈ မှုကနေ အလုပ်သမားတွေ ရသင့်ရထိုက်တဲ့ နစ်နာကြေး သိန်း ၅၅၀ဝ ကျော် လျော်ကြေးငွေ ရရှိတယ်လို့ တို့မျိုးဆက်ကွန်ယက် ဒါရိုက်တာ ဦးနန္ဒစစ်အောင်က ပြောပါတယ်။ ဒီသတင်းကိုတော့ MCN သတင်းထောက်စိုင်းဟန်က ပေးပို့ထားပါတယ်။

Soundbites -ဦးနန္ဒစစ်အောင် (ဒါရိုက်တာ) WE Generation Network (တို့မျိုးဆက်ကွန်ယက်)

ဒါ့အပြင် အလုပ်သမားအရေးကိစ္စတွေမှာ အလုပ်သမားဥပဒေအရ တိကျတဲ့ ဥပဒေရှိပြီးသားဖြစ်ပေမယ့် အလုပ်ရှင်ဘက်က လိုက်နာမှု အားနည်းတဲ့အပေါ် အစိုးရအနေနဲ့ တရားဥပဒေစိုးမိုးရေးကို အဓိကထား ကိုင်တွယ်ဖြေရှင်းသင့်တယ်လို့ ဦးနန္ဒစစ်အောင်က ပြောပါတယ်။

Soundbites -ဦးနန္ဒစစ်အောင် (ဒါရိုက်တာ) WE Generation Network (တို့မျိုးဆက်ကွန်ယက်)

အလုပ်ရှင်၊ အလုပ်သမား အငြင်းပွားမှုအများဆုံးဖြစ်တဲ့ လုပ်ငန်းနယ်ပယ်က အထည်ချူပ်လုပ်ငန်းဖြစ်ပြီး အလုပ်သမားတွေအနေနဲ့ အမှုရင်ဆိုင်ဖြေရှင်းရတဲ့ကာလအနေနဲ့ အနည်းဆုံးတစ်ပတ်ကနေ အများဆုံး ၅ လအထိ ကြာမြင့်တယ်လို့ တို့မျိုးဆက်ကွန်ယက်ရဲ့ အစီရင်ခံစာထဲမှာ ဖော်ပြထားပါတယ် ခင်ဗျာ။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)