ပထမအသုတ္အျဖစ္ ဘဂၤါလီ ၆ ေထာင္ ျပန္ပို႔မယ္

0
820

ဘဂၤလားေဒ့ရွ္ ဒုကၡသည္စခန္းေတြကေန ဘဂၤါလီ ၆ ေထာင္ကို ပထမအသုတ္အျဖစ္ ျမန္မာႏိုင္ငံဘက္ကို ျပန္ပို႔မယ္လို႔ ဘဂၤလားေဒ့ရွ္ ႏိုင္ငံျခားေရးဝန္ႀကီး အဘူလ္ ဟတ္ဆန္ မိုဟာမက္ အလီက ေျပာပါတယ္။

ရခိုင္ျပည္နယ္မွာ အိႏၵိယႏိုင္ငံက ေနအိမ္ ၂၅၀ ေဆာက္ေနတာ ၿပီးပါေတာ့မယ္၊ တ႐ုတ္ႏိုင္ငံကလည္း ဒုကၡသည္ေတြအတြက္ ေနအိမ္ ၁ ေထာင္ ေဆာက္ေပးမယ္လို႔ ကတိျပဳပါတယ္လို႔ ဒါကာၿမိဳ႕မွာလုပ္တဲ့ သတင္းစာ ရွင္းလင္းပြဲမွာ ေျပာေၾကာင္း နယူးအိႏၵိယပရက္စ္ သတင္းမွာ ေဖာ္ျပထားပါတယ္။

မၾကာေသးမီက အေမရိကန္ႏိုင္ငံ၊ နယူးေယာက္ၿမိဳ႕မွာ အိႏၵိယ၊ ဘဂၤလားေဒ့ရွ္နဲ႔ တ႐ုတ္၊ ဒါ့အျပင္ ကုလသမဂၢ အေထြေထြ အတြင္းေရးမႉးခ်ဳပ္နဲ႔ ကုလသမဂၢ အထူးကိုယ္စားလွယ္တို႔ ေတြ႔ဆံုေဆြးေႏြးခဲ့တယ္လို႔လည္း သူက သတင္းေထာက္ေတြကို ေျပာပါတယ္။ ဘဂၤါလီ ျပႆနာဟာ ဘဂၤလားေဒ့ရွ္နဲ႔ ျမန္မာ ပူးေပါင္းေဆာင္ရြက္ေနမႈေတြကို ထိခိုက္ေစေၾကာင္းလည္း သူက ဝန္ခံေျပာဆိုသြားပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ပထမအသုတ်အဖြစ် ဘင်္ဂါလီ ၆ ထောင် ပြန်ပို့မယ်

ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းတွေကနေ ဘင်္ဂါလီ ၆ ထောင်ကို ပထမအသုတ်အဖြစ် မြန်မာနိုင်ငံဘက်ကို ပြန်ပို့မယ်လို့ ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီး အဘူလ် ဟတ်ဆန် မိုဟာမက် အလီက ပြောပါတယ်။

ရခိုင်ပြည်နယ်မှာ အိန္ဒိယနိုင်ငံက နေအိမ် ၂၅၀ ဆောက်နေတာ ပြီးပါတော့မယ်၊ တရုတ်နိုင်ငံကလည်း ဒုက္ခသည်တွေအတွက် နေအိမ် ၁ ထောင် ဆောက်ပေးမယ်လို့ ကတိပြုပါတယ်လို့ ဒါကာမြို့မှာလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ပြောကြောင်း နယူးအိန္ဒိယပရက်စ် သတင်းမှာ ဖော်ပြထားပါတယ်။

မကြာသေးမီက အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့မှာ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်နဲ့ တရုတ်၊ ဒါ့အပြင် ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်နဲ့ ကုလသမဂ္ဂ အထူးကိုယ်စားလှယ်တို့ တွေ့ဆုံဆွေးနွေးခဲ့တယ်လို့လည်း သူက သတင်းထောက်တွေကို ပြောပါတယ်။ ဘင်္ဂါလီ ပြဿနာဟာ ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာ ပူးပေါင်း ဆောင်ရွက်နေမှုတွေကို ထိခိုက်စေကြောင်းလည်း သူက ဝန်ခံပြောဆိုသွားပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)