Eleven Media ဂ်ာနယ္လစ္ေတြကို လႊတ္ေပးဖို႔ ႏိုင္ငံတကာ စာနယ္ဇင္းအဖြဲ႔ေတြ ေတာင္းဆို

0
1116

ႏိုင္ငံေတာ္ အၾကည္ညိဳပ်က္ေစမႈနဲ႔ ဖမ္းဆီးလိုက္တဲ့ Eleven Media Group က ဂ်ာနယ္လစ္ သံုးဦးကို ျခြင္းခ်က္မရွိ အျမန္ဆံုး လႊတ္ေပးဖို႔ နယ္စည္းမျခား သတင္းေထာက္မ်ားအဖြဲ႔ (RSF) နဲ႔ ႏိုင္ငံတကာ စာနယ္ဇင္း အင္စတီက်ဳ (IPI) တို႔က ေတာင္းဆိုလိုက္ပါတယ္။

ေအာက္တုိဘာ ၈ ရက္ထုတ္ Weekly Eleven ဂ်ာနယ္ စာမ်က္ႏွာ ၂၆ မွာ ေဖာ္ျပထားတဲ့ “အၿမဲရံႈးေနတဲ့ စက္သံုးဆီဆိုင္ေတြ ပိတ္ေရး၊ ေငြေခ်းသူ ဘယ္သူမွန္းမသိတဲ့ ေက်ာင္းကားနဲ႔ လူအမည္ေပါက္ ျပည္သူ႔ရွယ္ယာ” ေဆာင္းပါးနဲ႔ ပတ္သက္ၿပီး အဖမ္းခံရတဲ့ အယ္ဒီတာခ်ဳပ္ ဦးေက်ာ္ေဇာလင္း၊ တာဝန္ခံအယ္ဒီတာ ဦးနရီမင္းနဲ႔ သတင္းေထာက္ခ်ဳပ္ ကိုၿဖိဳးေဝဝင္းတို႔ကို လႊတ္ေပးဖို႔ RSF နဲ႔ IPI တို႔က အသီသီး သတင္းထုတ္ျပန္ ေတာင္းဆိုထားတာ ျဖစ္ပါတယ္။

Eleven Media ဂ်ာနယ္လစ္ သံုးဦးကို အျမန္ဆံုး လႊတ္ေပးဖို႔ ေတာင္းဆိုပါတယ္၊ ဒီမိုကေရစီ ကူးေျပာင္းေရး လုပ္ေနတယ္ဆိုတဲ့ ႏိုင္ငံမွာ ကိုယ့္အလုပ္ ကိုယ္လုပ္ေနတဲ့ ဂ်ာနယ္လစ္ေတြကို ေထာင္သြင္းအက်ဥ္းခ်တာဟာ လက္ခံႏိုင္စရာ မရွိပါဘူးလို႔ RSF အာရွ-ပစိဖိတ္ အႀကီးအကဲ ဒင္နီယယ္ ဘက္စ္တက္က ေျပာပါတယ္။ IPI စည္း႐ံုးေရးမႉး ရာဗီ အာရ္ ပရာဆတ္ကလည္း Eleven Media ဂ်ာနယ္လစ္ေတြကို ဖမ္းဆီးတာဟာ ဒီမိုကေရစီကို မယံုၾကည္တဲ့ အာဏာရွင္ အစိုးရပံုစံဘက္ ေရာက္လာတာ ျဖစ္တယ္လို႔ ေဝဖန္လိုက္ပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

Eleven Media ဂျာနယ်လစ်တွေကို လွှတ်ပေးဖို့ နိုင်ငံတကာ စာနယ်ဇင်းအဖွဲ့တွေ တောင်းဆို

နိုင်ငံတော် အကြည်ညိုပျက်စေမှုနဲ့ ဖမ်းဆီးလိုက်တဲ့ Eleven Media Group က ဂျာနယ်လစ် သုံးဦးကို ခြွင်းချက်မရှိ အမြန်ဆုံး လွှတ်ပေးဖို့ နယ်စည်းမခြား သတင်းထောက်များအဖွဲ့ (RSF) နဲ့ နိုင်ငံတကာ စာနယ်ဇင်း အင်စတီကျု (IPI) တို့က တောင်းဆိုလိုက်ပါတယ်။

အောက်တိုဘာ ၈ ရက်ထုတ် Weekly Eleven ဂျာနယ် စာမျက်နှာ ၂၆ မှာ ဖော်ပြထားတဲ့ “အမြဲရှုံးနေတဲ့ စက်သုံးဆီဆိုင်တွေ ပိတ်ရေး၊ ငွေချေးသူ ဘယ်သူမှန်းမသိတဲ့ ကျောင်းကားနဲ့ လူအမည်ပေါက် ပြည်သူ့ရှယ်ယာ” ဆောင်းပါးနဲ့ ပတ်သက်ပြီး အဖမ်းခံရတဲ့ အယ်ဒီတာချုပ် ဦးကျော်ဇောလင်း၊ တာဝန်ခံအယ်ဒီတာ ဦးနရီမင်းနဲ့ သတင်းထောက်ချုပ် ကိုဖြိုးဝေဝင်းတို့ကို လွှတ်ပေးဖို့ RSF နဲ့ IPI တို့က အသီသီး သတင်းထုတ်ပြန် တောင်းဆိုထားတာ ဖြစ်ပါတယ်။

Eleven Media ဂျာနယ်လစ် သုံးဦးကို အမြန်ဆုံး လွှတ်ပေးဖို့ တောင်းဆိုပါတယ်၊ ဒီမိုကရေစီ ကူးပြောင်းရေး လုပ်နေတယ်ဆိုတဲ့ နိုင်ငံမှာ ကိုယ့်အလုပ် ကိုယ်လုပ်နေတဲ့ ဂျာနယ်လစ်တွေကို ထောင်သွင်းအကျဉ်းချတာဟာ လက်ခံနိုင်စရာ မရှိပါဘူးလို့ RSF အာရှ-ပစိဖိတ် အကြီးအကဲ ဒင်နီယယ် ဘက်စ်တက်က ပြောပါတယ်။ IPI စည်းရုံးရေးမှူး ရာဗီ အာရ် ပရာဆတ်ကလည်း Eleven Media ဂျာနယ်လစ်တွေကို ဖမ်းဆီးတာဟာ ဒီမိုကရေစီကို မယုံကြည်တဲ့ အာဏာရှင် အစိုးရပုံစံဘက် ရောက်လာတာ ဖြစ်တယ်လို့ ဝေဖန်လိုက်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)