ဘဂၤါလားေဒ့ရွ္ ဒုကၡသည္စခန္းမွာ မိုဘိုင္းဖုန္း ဆက္သြယ္ေရးေတြ စတင္ ျဖတ္ေတာက္

0
108

ဘဂၤလားေဒ့ရွ္ရွိ ဒုကၡသည္စခန္းေတြမွာ မိုဘိုင္းဖုန္းနဲ႔ 3G, 4G အင္တာနက္ ဝန္ေဆာင္မႈေတြကို စက္တင္ဘာလ ၁၀ ရက္ေန႔က စတင္ၿပီး ျဖတ္ေတာက္လိုက္ပါတယ္။

တကၠနပ္ဖ္နဲ႔ အူကီယာရွိ ဘဂၤါလီ ဒုကၡသည္စခန္းေတြမွာ 3G, 4G နဲ႔ LTE ကြန္ရက္ေတြကို ပိတ္ဖို႔ ဖုန္းေအာ္ပေရတာေတြကို အစိုးရက ညႊန္ၾကားခဲ့တယ္လို႔ ဘဂၤလားေဒ့ရွ္ မိုဘိုင္း ဆက္သြယ္ေရး ေအာ္ပေရတာ အသင္းရဲ႕ အေထြေထြ အတြင္းေရးမွဴး အက္စ္ အမ္ ဖာဟက္က ေျပာပါတယ္။

ဒါေပမယ့္ 2G ဝန္ေဆာင္မႈကိုေတာ့ ဖြင့္ထားမယ္လို႔ ဖာဟက္က ေျပာေပမယ့္ မူဝါဒေရးရာ ပညာရွင္ အဘူ ဆာအီ ခန္းကေတာ့ အင္တာနက္ကို ပိတ္ပစ္လိုက္တာ ျဖစ္ၿပီး 2G နဲ႔က အင္တာနက္ကို သံုးလို႔ မရႏိုင္သေလာက္ပဲလို႔ ေျပာပါတယ္။ ဘဂၤါလီ ဒုကၡသည္ေတြဟာ မိုဘိုင္းဖုန္းကို အသံုးျပဳၿပီး မူးယစ္ေဆးဝါး ေရာင္းဝယ္ေရးေတြကို လုပ္ေဆာင္ေနတယ္လို႔ ဘဂၤလားေဒ့ရွ္အစိုးရက ေျပာပါတယ္။

ဘင်္ဂါလားဒေ့ရှ် ဒုက္ခသည်စခန်းမှာ မိုဘိုင်းဖုန်း ဆက်သွယ်ရေးတွေ စတင် ဖြတ်တောက်


ဘင်္ဂလားဒေ့ရှ်ရှိ ဒုက္ခသည်စခန်းတွေမှာ မိုဘိုင်းဖုန်းနဲ့ 3G, 4G အင်တာနက် ဝန်ဆောင်မှုတွေကို စက်တင်ဘာလ ၁၀ ရက်နေ့က စတင်ပြီး ဖြတ်တောက်လိုက်ပါတယ်။


တက္ကနပ်ဖ်နဲ့ အူကီယာရှိ ဘင်္ဂါလီ ဒုက္ခသည်စခန်းတွေမှာ 3G, 4G နဲ့ LTE ကွန်ရက်တွေကို ပိတ်ဖို့ ဖုန်းအော်ပရေတာတွေကို အစိုးရက ညွှန်ကြားခဲ့တယ်လို့ ဘင်္ဂလားဒေ့ရှ် မိုဘိုင်း ဆက်သွယ်ရေး အော်ပရေတာ အသင်းရဲ့ အထွေထွေ အတွင်းရေးမှူး အက်စ် အမ် ဖာဟက်က ပြောပါတယ်။


ဒါပေမယ့် 2G ဝန်ဆောင်မှုကိုတော့ ဖွင့်ထားမယ်လို့ ဖာဟက်က ပြောပေမယ့် မူဝါဒရေးရာ ပညာရှင် အဘူ ဆာအီ ခန်းကတော့ အင်တာနက်ကို ပိတ်ပစ်လိုက်တာ ဖြစ်ပြီး 2G နဲ့က အင်တာနက်ကို သုံးလို့ မရနိုင်သလောက်ပဲလို့ ပြောပါတယ်။ ဘင်္ဂါလီ ဒုက္ခသည်တွေဟာ မိုဘိုင်းဖုန်းကို အသုံးပြုပြီး မူးယစ်ဆေးဝါး ရောင်းဝယ်ရေးတွေကို လုပ်ဆောင်နေတယ်လို့ ဘင်္ဂလားဒေ့ရှ်အစိုးရက ပြောပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)