ဒဂုံဆိပ္ကမ္းၿမိဳ႕နယ္ စက္မႈဇုန္ (၁) မွာ မီးေလာင္မႈျဖစ္ပြား

0
89

ရန္ကုန္တိုင္းေဒသႀကီး၊ ဒဂုံဆိပ္ကမ္းၿမိဳ႕နယ္ စက္မႈဇုန္ (၁) ရွိ ဇာမဏီ ဖေယာင္းပြဲ႐ုံမွာ မေန႔ စက္တင္ဘာ ၁၀ ရက္ေန႔ ည ၇ နာရီ ၅ မိနစ္ခန္႔က Level 4 အဆင့္ရွိ မီးေလာင္မႈျဖစ္ပြားခဲ့ပါတယ္။

အဲဒီလို မီးေလာင္မႈ ျဖစ္ပြားခဲ့ျခင္းေၾကာင့္ Level 2 ယာဥ္အုပ္စုေတြ ထြက္ခြာၿငႇိမ္းသတ္ခဲ့ရာ ည ၇ နာရီခြဲမွာ Level 3 ယာဥ္အုပ္စုေတြ၊ ၇ နာရီ မိနစ္ ၅၀ မွာ Level 4 ယာဥ္အုပ္စုေတြအျပင္ ၿမိဳ႕နယ္အသီးသီးရွိ မီးသတ္စခန္းေတြက ယာဥ္ေတြ ပူးေပါင္းၿငႇိမ္းသတ္ခဲ့ရာ ည ၁၀ နာရီ ၃၅ မိနစ္မွာ မီးၿငိမ္းသြားေၾကာင္း ျမန္မာႏိုင္ငံမီး သတ္တပ္ဖြဲ႔က ထုတ္ျပန္ထားပါတယ္။

ဖေယာင္းပြဲ႐ံု မီးေလာင္မႈ ျဖစ္ပြားခဲ့တာေၾကာင့္ မီးသတ္တပ္ဖြဲ႔ေတြဟာ ေရနဲ႔ပက္ဖ်န္းလို႔ မရတဲ့အတြက္ Foam အျမွဳပ္ေဆးရည္နဲ႔ ပက္ဖ်န္းၿပီး ၿငိမ္းသတ္ခဲ့ရတာ ျဖစ္ပါတယ္။ မီးေလာင္မႈ အေၾကာင္းအရင္းကေတာ့ ဆက္လက္ စံုစမ္းေနဆဲ ျဖစ္ပါတယ္။

ဒဂုံဆိပ်ကမ်းမြို့နယ် စက်မှုဇုန် (၁) မှာ မီးလောင်မှုဖြစ်ပွား


ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံဆိပ်ကမ်းမြို့နယ် စက်မှုဇုန် (၁) ရှိ ဇာမဏီ ဖယောင်းပွဲရုံမှာ မနေ့ စက်တင်ဘာ ၁၀ ရက်နေ့ ည ၇ နာရီ ၅ မိနစ်ခန့်က Level 4 အဆင့်ရှိ မီးလောင်မှုဖြစ်ပွားခဲ့ပါတယ်။


အဲဒီလို မီးလောင်မှု ဖြစ်ပွားခဲ့ခြင်းကြောင့် Level 2 ယာဉ်အုပ်စုတွေ ထွက်ခွာငြှိမ်းသတ်ခဲ့ရာ ည ၇ နာရီခွဲမှာ Level 3 ယာဉ်အုပ်စုတွေ၊ ၇ နာရီ မိနစ် ၅၀ မှာ Level 4 ယာဉ်အုပ်စုတွေအပြင် မြို့နယ်အသီးသီးရှိ မီးသတ်စခန်းတွေက ယာဉ်တွေ ပူးပေါင်းငြှိမ်းသတ်ခဲ့ရာ ည ၁၀ နာရီ ၃၅ မိနစ်မှာ မီးငြိမ်းသွားကြောင်း မြန်မာနိုင်ငံမီး သတ်တပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။


ဖယောင်းပွဲရုံ မီးလောင်မှု ဖြစ်ပွားခဲ့တာကြောင့် မီးသတ်တပ်ဖွဲ့တွေဟာ ရေနဲ့ပက်ဖျန်းလို့ မရတဲ့အတွက် Foam အမြှုပ်ဆေးရည်နဲ့ ပက်ဖျန်းပြီး ငြိမ်းသတ်ခဲ့ရတာ ဖြစ်ပါတယ်။ မီးလောင်မှု အကြောင်းအရင်းကတော့ ဆက်လက် စုံစမ်းနေဆဲ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)