
0
118




ဖမ်းမိတဲ့ ဘင်္ဂါလီ လေးဦးကို အိန္ဒိယက မြန်မာဘက်ကို ပြန်လွှဲပေး


အိန္ဒိယနိုင်ငံ၊ မဏိပူရပြည်နယ်၊ ချပ်ဟန်ပူရ် ခရိုင်မှာ ၂၀၁၃ ခုနှစ်တုန်းက တရားမဝင် ဝင်ရောက်လာခဲ့တဲ့ ဘင်္ဂါလီ လေးဦးကို နယ်စပ်မြို့ မိုးရေးမှာ မနေ့ စက်တင်ဘာ ၁၀ ရက်နေ့ မြန်မာနိုင်ငံဘက်ဆီ လွှဲပြောင်းပေးလိုက်ပါတယ်။


ပြည်နှင်ဒဏ်ပေးမှုကို အိန္ဒိယ-မြန်မာ ချစ်ကြည်ရေးတံတား အနီးရှိ မြန်မာ လူဝင်မှုကြီးကြပ်ရေးရုံးမှာ ပြုလုပ်ခဲ့တာလို့ အင်ဖာ ဖရီးပရက် သတင်းဌာနက ဖော်ပြပါတယ်။ တမူးမြို့ လဝက အရာရှိတွေ လုပ်ထုံးလုပ်နည်းနဲ့ အညီ ဘင်္ဂါလီ လေးဦးကို လက်ခံခဲ့ပါတယ်။


အိန္ဒိယကို တရားမဝင် ခိုးဝင်မှုနဲ့ ထောင်ဒဏ်ကျခံပြီးနောက် အခုလို ပြည်နှင်ဒဏ် ပေးတာဖြစ်ပြီး ဘင်္ဂါလီ လေးဦးဟာ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်နဲ့ မောင်တောတို့က ဖြစ်ပါတယ်။


COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)