ပို႔ဘလဲယားရွိ ယာယီထိန္းသိမ္းေရး စခန္းေတြက ျမန္မာေရလုပ္သားေတြ ျပန္လည္ေရာက္ရွိ

0
310

အိႏၵိယႏိုင္ငံ၊ ပို႔ဘလဲယားရွိ ယာယီထိန္းသိမ္းေရး စခန္းေတြမွာ ျပစ္ဒဏ္ကာလ ၿပီးဆံုးသြားတဲ့ ေရလုပ္သားေတြအနက္ ျမန္မာႏိုင္ငံသား ျဖစ္ေၾကာင္း အတည္ျပဳ စိစစ္ၿပီးတဲ့ ေရလုပ္သား ၁၁ ဦးတို႔ ျမန္မာႏိုင္ငံက ေစတနာရွင္ေတြရဲ႕ ေလယာဥ္စရိတ္နဲ႔ စက္တင္ဘာ ၉ ရက္မွာ ရန္ကုန္အျပည္ျပည္ဆိုင္ရာ ေလဆိပ္ကို ျပန္လည္ ေရာက္ရွိလာပါတယ္။

ပို႔ဘလဲယားမွာ ျပစ္ဒဏ္က်ခံေနရသူေတြကို နယူးေဒလီၿမိဳ႕ရွိ ျမန္မာသံ႐ံုးက အိႏၵိယ အာဏာပိုင္ေတြနဲ႔ ညွိႏိႈင္းၿပီး ႏိုင္ငံသားစိစစ္ဖို႔ အခ်က္အလက္ေတြ ေကာက္ခံခဲ့ကာ ႏိုင္ငံသား မွန္ကန္ေၾကာင္း အတည္ျပဳႏိုင္သူေတြကို ျပန္လည္ ေခၚယူတာ ျဖစ္ပါတယ္။

ႏိုင္ငံျခားေရးဝန္ႀကီးဌာန၊ ေကာင္စစ္ေရးရာႏွင့္ ဥပေဒေရးရာ ဦးစီးဌာနက ပို႔ဘလဲ ထိန္းသိမ္းေရးစခန္းရွိ ျမန္မာေရလုပ္သားေတြ ျပန္ေခၚခဲ့ရာမွာ ၂၀၁၆ ခုႏွစ္မွာ ၂၇၂ ဦး၊ ၂၀၁၇ ခုႏွစ္မွာ ၁၃၃ ဦးနဲ႔ ၂၀၁၈ ခုႏွစ္မွာ ၄၄ ဦးအထိ ကူညီ ေခၚယူခဲ့ၿပီး ျဖစ္ပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ပို့ဘလဲယားရှိ ယာယီထိန်းသိမ်းရေး စခန်းတွေက မြန်မာရေလုပ်သားတွေ ပြန်လည်ရောက်ရှိ

အိန္ဒိယနိုင်ငံ၊ ပို့ဘလဲယားရှိ ယာယီထိန်းသိမ်းရေး စခန်းတွေမှာ ပြစ်ဒဏ်ကာလ ပြီးဆုံးသွားတဲ့ ရေလုပ်သားတွေအနက် မြန်မာနိုင်ငံသား ဖြစ်ကြောင်း အတည်ပြု စိစစ်ပြီးတဲ့ ရေလုပ်သား ၁၁ ဦးတို့ မြန်မာနိုင်ငံက စေတနာရှင်တွေရဲ့ လေယာဉ်စရိတ်နဲ့ စက်တင်ဘာ ၉ ရက်မှာ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်ကို ပြန်လည် ရောက်ရှိလာပါတယ်။

ပို့ဘလဲယားမှာ ပြစ်ဒဏ်ကျခံနေရသူတွေကို နယူးဒေလီမြို့ရှိ မြန်မာသံရုံးက အိန္ဒိယ အာဏာပိုင်တွေနဲ့ ညှိနှိုင်းပြီး နိုင်ငံသားစိစစ်ဖို့ အချက်အလက်တွေ ကောက်ခံခဲ့ကာ နိုင်ငံသား မှန်ကန်ကြောင်း အတည်ပြုနိုင်သူတွေကို ပြန်လည် ခေါ်ယူတာ ဖြစ်ပါတယ်။

နိုင်ငံခြားရေးဝန်ကြီးဌာန၊ ကောင်စစ်ရေးရာနှင့် ဥပဒေရေးရာ ဦးစီးဌာနက ပို့ဘလဲ ထိန်းသိမ်းရေးစခန်းရှိ မြန်မာရေလုပ်သားတွေ ပြန်ခေါ်ခဲ့ရာမှာ ၂၀၁၆ ခုနှစ်မှာ ၂၇၂ ဦး၊ ၂၀၁၇ ခုနှစ်မှာ ၁၃၃ ဦးနဲ့ ၂၀၁၈ ခုနှစ်မှာ ၄၄ ဦးအထိ ကူညီ ခေါ်ယူခဲ့ပြီး ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)