အက္ဘာဒင္ရွိ ေဒၚေအာင္ဆန္းစုၾကည္ ဂုဏ္ျပဳေၾကးျပား ျဖဳတ္သိမ္းဖို႔ သေဘာတူ

0
239

စေကာ့တလန္ႏိုင္ငံ၊ အက္ဘာဒင္ရွိ ဟက္ဇလီဟက္ ပန္းၿခံမွာ တပ္ဆင္ထားတဲ့ ေဒၚေအာင္ဆန္းစုၾကည္ ဂုဏ္ျပဳ ေၾကးျပားကို ဖယ္ရွားဖို႔ အက္ဘာဒင္ ၿမိဳ႕ေကာင္စီဝင္ေတြက ကန္႔ကြက္သူမရွိ သေဘာတူလိုက္ပါတယ္။

 

ေဒၚေအာင္ဆန္းစုၾကည္ ဂုဏ္ျပဳေၾကးျပားကို ဆက္ထားခြင့္ မျပဳႏိုင္ေၾကာင္းနဲ႔ ဘဂၤါလီ မြတ္စလင္ေတြအေပၚ အၾကမ္းဖက္မႈကို ေဒၚေအာင္ဆန္းစုၾကည္က လ်စ္လ်ဴ႐ႈထားတယ္လို႔ အက္ဘာဒင္ ေကာင္စီ အႀကီးအကဲ ေလာ့ဒ္ ဘာေန ခေရာ့ကက္က ေျပာေၾကာင္း အီးဗနင္း အိက္စ္ပရက္ သတင္းမွာ ေဖာ္ျပထားပါတယ္။

ျမန္မာႏိုင္ငံမွာ လူအားလံုးရဲ႕ လူ႔အခြင့္အေရး ေဆာင္ရြက္သူကို ေကာင္စီ အရာရွိေတြက စံုစမ္းေလ့လာေနၿပီး အဲဒီ ဂုဏ္ျပဳေၾကးျပားေနရာမွာ အစားထိုးမွာ ျဖစ္ပါတယ္။ ေဒၚေအာင္ဆန္းစုၾကည္ ဂုဏ္ျပဳေၾကးျပားကို ႏိုင္ငံတကာ လြတ္ၿငိမ္းခ်မ္းသာခြင့္ အဖြဲ႔ (AI) က ေတာင္းဆိုလို႔ လြန္ခဲ့တဲ့ ၁၀ ႏွစ္က အဲဒီမွာ တပ္ဆင္ထားခဲ့တာ ျဖစ္ပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

အက်ဘာဒင်ရှိ ဒေါ်အောင်ဆန်းစုကြည် ဂုဏ်ပြုကြေးပြား ဖြုတ်သိမ်းဖို့ သဘောတူ

စကော့တလန်နိုင်ငံ၊ အက်ဘာဒင်ရှိ ဟက်ဇလီဟက် ပန်းခြံမှာ တပ်ဆင်ထားတဲ့ ဒေါ်အောင်ဆန်းစုကြည် ဂုဏ်ပြု ကြေးပြားကို ဖယ်ရှားဖို့ အက်ဘာဒင် မြို့ကောင်စီဝင်တွေက ကန့်ကွက်သူမရှိ သဘောတူလိုက်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည် ဂုဏ်ပြုကြေးပြားကို ဆက်ထားခွင့် မပြုနိုင်ကြောင်းနဲ့ ဘင်္ဂါလီ မွတ်စလင်တွေအပေါ် အကြမ်းဖက်မှုကို ဒေါ်အောင်ဆန်းစုကြည်က လျစ်လျူရှုထားတယ်လို့ အက်ဘာဒင် ကောင်စီ အကြီးအကဲ လော့ဒ် ဘာနေ ခရော့ကက်က ပြောကြောင်း အီးဗနင်း အိက်စ်ပရက် သတင်းမှာ ဖော်ပြထားပါတယ်။

မြန်မာနိုင်ငံမှာ လူအားလုံးရဲ့ လူ့အခွင့်အရေး ဆောင်ရွက်သူကို ကောင်စီ အရာရှိတွေက စုံစမ်းလေ့လာနေပြီး အဲဒီ ဂုဏ်ပြုကြေးပြားနေရာမှာ အစားထိုးမှာ ဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ဂုဏ်ပြုကြေးပြားကို နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့ (AI) က တောင်းဆိုလို့ လွန်ခဲ့တဲ့ ၁၀ နှစ်က အဲဒီမှာ တပ်ဆင်ထားခဲ့တာ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)