လူမ်ိဳးစု ရွင္းလင္းေရးနဲ႔ ICC ဆိုတဲ့ စကားေတြက အကူအညီ မျဖစ္ဘူးလို႔ ကာဒီနယ္ ခ်ားလ္ ေမာင္ဘို ေျပာ

0
261

ျမန္မာႏိုင္ငံဟာ စိန္ေခၚမႈႀကံဳေနရတဲ့ သမိုင္းဝင္ အေနအထားကို ေရာက္ေနၿပီး လူမ်ိဳးတံုး သတ္ျဖတ္မႈ၊ လူမ်ိဳးစု ရွင္းလင္းေရး၊ ပိတ္ဆို႔အေရးယူမႈနဲ႔ ႏိုင္ငံတကာ ရာဇဝတ္ တရား႐ံုး (ICC) ဆိုတဲ့ စကားလံုးေတြဟာ အကူအညီ မျဖစ္ဘူးလို႔ ကာဒီနယ္ ခ်ားလ္ ေမာင္ဘိုက ေျပာပါတယ္။

ျမန္မာ့ပထမဆံုး ကာဒီနယ္ျဖစ္သူ ခ်ားလ္ ေမာင္ဘိုက ေဒၚေအာင္ဆန္းစုၾကည္ ဦးေဆာင္တဲ့ အစိုးရကို ေထာက္ခံေၾကာင္း ေျပာဆိုခဲ့ၿပီး ႏိုင္ငံတကာ အသိုင္းအဝိုင္းအေနနဲ႔ ပူးေပါင္းေဆာင္ရြက္မႈ၊ လက္တြဲမႈ လိုအပ္တယ္လို႔ ဖိတ္ေခၚလိုက္ေၾကာင္း ေအးရွားနယူးစ္ သတင္းမွာ ေဖာ္ျပထားပါတယ္။

ျမန္မာ့သမိုင္းဟာ ဒဏ္ရာေတြရွိခဲ့တဲ့ အျဖစ္အပ်က္ ျဖစ္ပါတယ္၊ အခုအခ်ိန္က ကုစားရမယ့္ အခ်ိန္ပါ၊ ဒဏ္ရာသစ္ေတြ ထပ္ရဖို႔ မဟုတ္ပါဘူးလို႔ ျမန္မာ့ ၿငိမ္းခ်မ္းေရးကို စိတ္ဝင္စားသူေတြထံ ရည္ရြယ္ေရးသားတဲ့ ကာဒီနယ္ ခ်ားလ္ ေမာင္ဘိုရဲ႕ ေမတၱာရပ္ခံစာမွာ ေဖာ္ျပထားပါတယ္။ ျမန္မာျပည္သူေတြဟာ အဓိပၸာယ္ျပည့္ဝတဲ့ လြတ္လပ္မႈနဲ႔ လူသားဖြံ႔ၿဖိဳးေရးကို ကာလရွည္ၾကာစြာ ေစာင့္စားခဲ့ရတယ္လို႔လည္း ေရးသားထားပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

လူမျိုးစု ရှင်းလင်းရေးနဲ့ ICC ဆိုတဲ့ စကားတွေက အကူအညီ မဖြစ်ဘူးလို့ ကာဒီနယ် ချားလ် မောင်ဘို ပြော

မြန်မာနိုင်ငံဟာ စိန်ခေါ်မှုကြုံနေရတဲ့ သမိုင်းဝင် အနေအထားကို ရောက်နေပြီး လူမျိုးတုံး သတ်ဖြတ်မှု၊ လူမျိုးစု ရှင်းလင်းရေး၊ ပိတ်ဆို့အရေးယူမှုနဲ့ နိုင်ငံတကာ ရာဇဝတ် တရားရုံး (ICC) ဆိုတဲ့ စကားလုံးတွေဟာ အကူအညီ မဖြစ်ဘူးလို့ ကာဒီနယ် ချားလ် မောင်ဘိုက ပြောပါတယ်။

မြန်မာ့ပထမဆုံး ကာဒီနယ်ဖြစ်သူ ချားလ် မောင်ဘိုက ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အစိုးရကို ထောက်ခံကြောင်း ပြောဆိုခဲ့ပြီး နိုင်ငံတကာ အသိုင်းအဝိုင်းအနေနဲ့ ပူးပေါင်းဆောင်ရွက်မှု၊ လက်တွဲမှု လိုအပ်တယ်လို့ ဖိတ်ခေါ်လိုက်ကြောင်း အေးရှားနယူးစ် သတင်းမှာ ဖော်ပြထားပါတယ်။

မြန်မာ့သမိုင်းဟာ ဒဏ်ရာတွေရှိခဲ့တဲ့ အဖြစ်အပျက် ဖြစ်ပါတယ်၊ အခုအချိန်က ကုစားရမယ့် အချိန်ပါ၊ ဒဏ်ရာသစ်တွေ ထပ်ရဖို့ မဟုတ်ပါဘူးလို့ မြန်မာ့ ငြိမ်းချမ်းရေးကို စိတ်ဝင်စားသူတွေထံ ရည်ရွယ်ရေးသားတဲ့ ကာဒီနယ် ချားလ် မောင်ဘိုရဲ့ မေတ္တာရပ်ခံစာမှာ ဖော်ပြထားပါတယ်။ မြန်မာပြည်သူတွေဟာ အဓိပ္ပာယ်ပြည့်ဝတဲ့ လွတ်လပ်မှုနဲ့ လူသားဖွံ့ဖြိုးရေးကို ကာလရှည်ကြာစွာ စောင့်စားခဲ့ရတယ်လို့လည်း ရေးသားထားပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)