
0
223


 



>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ဘင်္ဂါလီအရေး ဆွေးနွေးပွဲ ထိုင်းရဲ ဖျက်သိမ်းခိုင်း

မြန်မာ ထိပ်တန်း ဗိုလ်ချုပ်တွေကို အရေးယူသင့်သလားဆိုတဲ့ ဘင်္ဂါလီ မွတ်စလင်အရေး ဆွေးနွေးပွဲကို မနေ့က စက်တင်ဘာ ၁၀ ရက်နေ့မှာ ထိုင်းအာဏာပိုင်တွေက မကျင်းပဖို့ ဖျက်သိမ်းခိုင်းလိုက်ပါတယ်။

မနေ့က ည ၇ နာရီအချိန် ဘန်ကောက်မြို့ရှိ ထိုင်း နိုင်ငံခြားသတင်းထောက်များ ကလပ် (FCCT) မှာ ကျင်းပမယ့် ဘင်္ဂါလီ အရေး ဆွေးနွေးပွဲကို မိနစ်ပိုင်းအလိုမှာ ထိုင်းအာဏာပိုင်တွေက အကြောင်းပြချက် မပေးဘဲ ဖျက်သိမ်းခိုင်းလိုက်တာ ဖြစ်တယ်လို့ စထရိတ် တိုင်းမ်သတင်းစာမှာ ဖော်ပြထားပါတယ်။

ညနေ ၅ နာရီလောက်မှာ FCCT ကလပ်ကို ထိုင်းအာဏာပိုင်တွေက ဖုန်းဆက်ပြီး ဆွေးနွေးပွဲကို ဖျက်သိမ်းခိုင်းပေမယ့် ပွဲစီစဉ်သူတွေက ငြင်းဆိုခဲ့ပါတယ်။ အဲဒီနောက် ထိုင်းရဲတွေ ကလပ်ကို ရောက်လာပြီး အငြင်းပွားဖွယ် ဆွေးနွေးပွဲကို ဖျက်သိမ်းခိုင်းခဲ့တာ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)